စည်ပင်အသိအမှတ်ပြု မြေသားစမ်းသပ်သည့် ကုမ္ပဏီ ၁၆ ခု အထိရှိလာ


26 October, 2020

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကအဆောက်အအုံဆောက်လုပ်ရန် မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်းများကို တရားဝင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၈ရက်အထိကုမ္ပဏီ ၁၆ ခုအားလိုင်စင်ထုတ်ပေးပြီးဖြစ်ကြောင်းအင်ဂျင်နီယာ (အဆောက်အအုံဌာန) မှ သတင်းရရှိသည်။

မြေသားစမ်းသပ်ခြင်း အ တွက် ကုမ္ပဏီလိုင်စင် ထုတ်ပေး ခြင်းကို ၂၀၁၅ အောက်တိုဘာမှ စတင်ဆောင်ရွက်ခဲ့ရာ၅လအတွင်း ကုမ၌ဏီ ၁၆ခုအား လိုင်စင် ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံဆောက်လုပ်ရန် မြေသားစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် တရားဝင်လိုင်စင်ရှိသည့် ၎င်းကုမ္ပဏီများဖြင့်သာ ၂၀၁၆ခုနှစ်မှစတင်ပြီးဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်ယာယာရေးကော်မတီက ညွှန်ကြားထားသည်။

အဆောက်အအုံဆောက်လုပ်ရန် မြေကြီးစမ်းသပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုတိကျစေရန်နှင့် တာဝန်ယူမှုရှိစေရန် အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်ရေးအဖွဲ့မှ စိစစ်ကာအဆိုပါ ကုမ္ပဏီများအားလိုင်စင်ထုတ်ပေးထားခြင်းဖြစ်ကြောင်းအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြေကြီးစမ်းသပ်ခြင်းအပြင် ပိုက်ရိုက် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားဝင်လိုင် စင်ထုတ်ပေးလျက်ရှိပြီးလက်ရှိအချိန်အထိကုမ္ပဏီခုနစ်ခုအားလိုင်စင်ထုတ်ပေးပြီးဖြစ်သည်။

ထို့ပြင် လိုင်စင်ရကန်ထရိုက်တာနှင့် အင်ဂျင်နီယာများမှ တာဝန်ယူမှု တာဝန်သိတတ်မှုရှိစေရန်နှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုများတွင် ပိုမိုအားကောင်းလာစေရန် အသိပေးထုတ်ပြန်ချက်များကိုလည်း ပြီးခဲ့သည့် ရက်သတ္တပတ်ကညွှန်ကြားထားသည်။

Factory and Industrial Plant Read 132 times