ရန်ကုန်မြို့ရှိဈေးပေါင်း ၁၇၄ ခု အားအဆင့်မြှင့်တင်သွားမည်ဖြစ်ပြီးယခုတွင်ဈေး၂၀အားစစ်တမ်းကောက်ယူနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ UMFCCI တွင်ပြုလုပ်သောအဋ္ဌမအကြိမ်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှကုန်စည်များသည်သီရိမင်္ဂလာဈေးတွင်လည်ပတ်ရောင်းချနေသောကြောင့်အလေအလွင့်များနေပြီး အချိန်ကြန့်ကြာခြင်းတို့ကြောင့်ယခုတည်ဆောက်နေသောတညင်းကုန်းလက်ကားဈေးနည်းတူရန်ကုန်တိုင်းအတွင်းခရိုင်အလိုက် သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်သီးသန့်လက်ကားဈေးများဖော်ဆောင်ရန်ဆွေးနွေးခဲ့ကြောင်းသိရ သည်။
ယခုဈေးစနစ်များသည်ကျန်းမာရေးနှင့်မညီညွှတ်ကြောင်း၊ဈေး၁၇၀ကျော်အားအဆင့်မြှင့်တင်လျှင်ကျန်းမာရေး နှင့်ညီညွှတ်သောဈေးများဖြစ်လာရန်ယခုစမ်းသပ်ပြီးဈေး၂၀ကိုစတင်အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းသိရသည်။
ဈေး၂၀၏အမည်ကိုမူထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်းသိရသည်။ဈေး၂၀ကိုဦးဆုံးရွေးချယ်ပြုလုပ်ရခြင်းမှာ customerများနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ကျန်းမာရေးနှင့်ညီညွှတ်သောဈေးများဖြစ်စေရန်နှင့်စားသုံးသူနှင့် ရောင်းချသူနှစ်ဦးနှစ်ဖက်မျှတမှုရှိသောဈေးနှုန်းများဖြစ်စေရန်ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သည်လူဦးရေ၁၀ရာခိုင်နှုန်းခန့်နေထိုင်ပြီးအသေးစားနှင့်အလတ်စားထုတ်ကုန်(SME)လုပ်ငန်းများမှ ထုတ်ကုန်များများမှာရောင်းချရန်နေရာများများရှိနေမှသာလျှင်အဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။ ကျန်းမာရေးအတွက်ကောင်းမွန်သောကုန်ပစ္စည်း၊စိုက်ပျိုးထုတ်လုပ်သူများအတွက်အလွယ်တကူရောင်းချနိုင် သောနေရာအပြင်စားသုံးသူများအဆင်ပြေရန်လုပ်ဆောင်သွားမည်ဖြစ်သည်ဟုဝန်ကြီးချုပ်မှပြောကြားခဲ့ကြောင်း သိရသည်။
ယခုအစိုးရလက်ထက်တွင်ယင်းသို့ဈေးများအဆင့်မြှင့်တင်ခြင်းကိုပထမဆုံးအကြိမ်စတင်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
imyanmarhouse