၎င်းကွန်ဒိုသည်အမှတ်(၃၄) ၊ သီရိလမ်း ၊ (၂)ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးတွင်ဆောက်လုပ်မည်ဖြစ်သည်။
ယင်းပရောဂျက်ကို၂၀၁၈နှစ်စပိုင်းတွင်စတင်၍၂၀၁၉နှစ်ကုန်ပိုင်းတွင်ပြီးစီးမည်ဟုခန့်မှန်းကြောင်းသိရပါသည်။
ယင်းပရောဂျက်ကို Yone Min Constructionဒီဇိုင်းအဖွဲ့မှဒီဇိုင်းရေးဆွဲ၍ Yone Min Construction မှဆောက်လုပ်သည်ဟုသိရပါသည်။
(၅၀ပေ x ၅၀ပေ)ကျယ်ဝန်းသောမြေပေါ်တွင် 34 Thiri Mini Condo ကိုဆောက်လုပ်မည်ဖြစ်သည်။
အထပ်ပေါင်း(၈)ထပ်ရှိမည်ဖြစ်ပြီး1st Floor မှ 7th Floor အထိတစ်လွှာလျှင်(၁)ခန်းပါဝင်မည်ဖြစ်၍ 8th Floor တွင်(၂)ခန်းပါဝင်မည်ဖြစ်ကြောင်းသိရပါသည်။
Penthouse တစ်ခန်းလည်းပါဝင်ကြောင်းသိရပါသည်။
အခန်းများမှာ1st Floor မှ 7th Floor အထိတစ်ခန်းလျှင် စတုရန်းပေ၁၈၄၈ကျယ်ဝန်း၍ 8th Floor တွင်တစ်ခန်းလျှင်စတုရန်းပေ၇၂၄ကျယ်ဝန်းကြောင်းသိရပါသည်။
၈ယောက်စီးဓာတ်လှေခါး(၁)စီးပါဝင်၍တစ်ခန်းလျှင်တစ်စီးနှုန်းရပ်နားနိင်သောကားပါကင်ကိုမြေညီထပ်တွင်ထားရှိမည်ဟုသိရပါသည်။
Pile Foundation ၊ Generator ၊ Security Team ၊ Management Team စသည့် Facilites များပါဝင်မည်ဟုသိရပါသည်။
အခန်းဈေးနှုန်းများမှာ1st Floor မှ 7th Floor အထိတစ်ခန်းလျှင်ကျပ်သိန်း၁၅၀၀ ၊ 8th Floor တွင်ကျပ်သိန်း၇၀၀ နှင့် Penthouse ကျပ်သိန်း၈၀၀အသီးသီးဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာပထမဦးဆုံးစာချုပ်ချုပ်ဆိုခြင်း၁၀%ကိုပေးချေရမည်ဖြစ်ပြီးကျန်ရှိသော၉၀%ကိုပရောဂျက်စတင်ချိန်မှစ၍လ(၃၀)မှလ(၅၀)အတွင်းပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။
၅၀%(Cash Down)ပေးချေပါက Discount 20% ရရှမည်ဖြစ်ကြောင်းသိရပါသည်။