ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သီလဝါစက်မှုဇုန်အနီးသန်လျင်မြို့နယ်မြေတိုင်းရပ်ကွက် အမှတ်(၆)မြေကွက်အမှတ် (၃/က)တွင် တန်ဖိုးနည်းအိမ်ရာ ၅၅ လုံးအားမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီ ၁၄ ခုတို့မှဆောက်လုပ်သွာမည်ဖြစ်ကြောင်းသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတန်ဖိုးနည်းအိမ်ရာလေးခန်းတွဲငါးထပ် ၁၂ လုံး၊ ရှစ်ခန်းတွဲငါးထပ် ၁၉ လုံး၊ ခြောက်ခန်းတွဲငါးထပ် ၂၄ လုံး၊ စုစုပေါင်း ၅၅ လုံးအားဖေဖော်ဝါရီလမှစတင်တည်ဆောက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်နိုင်ဝင်ဘာလအတွင်းအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။