ထပ်မံတိုးချဲ့တည်ဆောက်မည့် အောင်လံအမှတ်(၂) ဈေးကြီး


27 October, 2020

ထိုစီမံကိန်းကို အောင်လံမြို့နယ်ရှိ ရွာထောင်အမှတ်(၂) ဈေးကို ဆိုင်ခန်းပေါင်းတစ်ရာကျော်ဖြင့် ထပ်မံတိုးခဲျ့တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအမှတ်(၂) ဈေးသည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးရုံကြီးတစ်ရုံတွင ဆိုင်ခန်းလေးဆယ်ကျော်ရှိရာ ဆိုင်ခန်းတစ်ရာကျော်ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဈေးကြီးကို ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်ခန်း၊ အသားငါးတန်းစသည်ဖြင့် တိုးခဲျ့တည်ဆောက်ပေးမည်ဖြစ်သည်။

ယခင်ဆိုင်ခန်းများကို ဖယ်ရှားမည်မဟုတ်ပဲ နဂိုအဆောက်အအုံထက် တိုးချဲ့ပြီး တည်ဆောက်ထားသည်များကိုသာ ဥပဒေအရဖယ်ရှားသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ထပ်မံတိုးချဲ့ဆောက်လုပ်မည့် အဆောက်အအုံအတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်ကြောင်းသိရသည်။

ဈေးမြေနေရာတွင် ကုန်စုံရောင်းချရန် ကျပ် ၂၅ သိန်းတန်ဖိုးရှိ ဆိုင်ခန်း ၈၀၊ ကုန်ခြောက်ရောင်းချရန် ကျပ် ၁၆ သိန်းတန်ဖိုးရှိ ဆိုင်ခန်း ၁၉ ခန်းနှင့် အသီးအရွက် သားငါးရောင်ချရန် ကျပ်ကိုးသိန်းတန်ဖိုးရှို ဆိုင်ခန်း ၁၅ ခန်း စုစုပေါင်း ၁၁၄ ခန်းထပ်မံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ဆိုင်ခန်းဝယ်ယူလိုသည့် မြို့ခံများအနေဖြင့် စည်ပင်သာယာရုံးတွင် လျှောက်လွှာများရယူနိုင်ပြီး ယခုဒီဇင်ဘာလကုန်တွင် နောက်ဆုံးလျှောက်ထားရမည်ဟုသိရသည်။

ဆိုင်ခန်းလျှောက်ထားမှုကို ပွင့်လင်းမြင်သာသော မဲစနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်များတည်ဆောက်ရေး ကော်မတီဖွဲ့စည်းကာ ဆိုင်ခန်းများအားလုံးရှစ်ပေပတ်လည်အကျယ်အဝန်းဖြင့် ညီမျှစွာ တည်ဆောက်ပေးမည် ဟုသိရသည်။

ဈေးစီမံကိန်းကို ၂၀၁၇ ခုနှစ်ဧပြီလတွင် အပြီးသတ်တည်ဆောက်ရန်စီစဉ်ထားပြီး ဈေးအင်္ဂါနှင့် အညီရေမြောင်း၊ ကွန်ကရစ်လမ်း၊ ရေကန်၊ လျှပ်စစ်မီး နှင့် ရေလောင်းအိမ်သာများတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Source:7 Days

Local Read 51 times