ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့် ပတ်သက်၍ Concession Agreement ချုပ်ဆိုနိုင်ရန်၂၀၁၇ ဇန်နဝါရီ ၁၁ ရက်တွင် Concession Yongnam-CAI Consortium တို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး Public Facilities တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ ချစ်ကြည်ရေးကို အခြေခံသည့် ODA ချေးငွေအဖြစ် အမေရိကန်ဒေါ်လာသန်း ၈၉၀ အားထုတ်ချေးပေးရန်သဘောတူညီမှုရခဲ့ကြောင်းသိရသည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်တည်ဆောက်ရန်အတွက် စီမံကိန်းခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၈၉၀ အားမြန်မာအစိုးရကချေးယူပေးရမည်ဖြစ်ကာ လုပ်ငန်းတာဝန်ဆောင်ရွက်မည့် လုပ်ငန်းစုကြီး (Consortium) မှချေးငွေ၏ အတိုးနှင့် အရင်းအားပြန်လည်ပေးဆပ်သွားရမည် ဖြစ်ကြောင်းသိရသည်။
ဟံသာဝတီလေဆိပ်ကို စတင်ဆောက်လုပ်ရန် တင်ဒါရွေးချယ်မှုလည်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
ဟံသာဝတီလေဆိပ် အမြန်ပြီးစီးပါက မြန်မာနိုင်ငံမှ တဖြည်းဖြည်းကုန်သွယ်မှုများ မြင့်တက်လာပြီး လေကြောင်းလိုင်းပြေးဆွဲမှုမှာ တဖြည်းဖြည်းများလာမည်ဖြစ်သည်။
နိုင်ငံတကာကုန်တင်လေယာဉ်များ မြန်မာနိုင်ငံကို ဆင်းသက်နိုင်ရန်အတွက် ဥရောပလေးကြောင်းလိုင်းအထိပါ ချိတ်ဆက်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
ပညာရှင်များခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ တွင် လေကြောင်းခရီးသည် ၁၁ သန်းခန့်ထပ်တိုးလာနိုင်ကြောင်း သိရသည်။
၎င်းလေဆိပ်သစ်စီမံကိန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိုင် ၅၀ ကျော်ပတ်ဝန်းကျင်အနီး မြေအကျယ်အဝန်း ၉၆၉၀ ဒသမ ၄ ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တင်ဒါအောင်မြင်ခဲ့သည့် JGC-Yongnam-CAI Consortium မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုစီမံကိန်ုးကို 2017 ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်ရန် လျာထားဆောင်ရွက်နေပြီဖြစ်ကာ လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:pyimyanmar