ဘူးသီးတောင်မြို့တွင် ပြည်သူများ အပန်းဖြေရန် ခေတ်မီပန်းခြံသစ်တစ်ခု စတင်အကောင်အထည်ဖော်


27 October, 2020

ရခိုင်ပြည်နယ်မောင်းတောခရိုင်ဘူးသီးတောင်မြို့အမှတ်(၅)ရပ်ကွက်ရှိယခင်ဘူးသီးတောင် ကန်တော်ကြီးဥ ယျာဉ်နေရာကိုယခုအခါပြည်သူများအပန်းဖြေအနားယူနိုင်ရန်အတွက်ခေတ်မီပန်းခြံသစ်တစ်ခုစတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

ဘူးသီးတောင်မြို့တွင်မြို့အင်္ဂါရပ်နှင့်အညီပြည်သူများအပန်းဖြေအနားယူနိုင်ရန်ခေတ်မီပန်းခြံသစ်တစ်ခုစတင်အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။

ယခင်ကဘူးသီးတောင်မြို့တွင်ပန်းခြံမရှိပဲ ကန်တော်ကြီးဥယျာဉ်သာရှိနေခဲ့ပါသည်။

ဘူးသီးတောင်မြို့နယ်စည်ပင်သာယာအနေဖြင့်ယခုအကောင်အထည်ဖော်မည့်ပြည်သူများအပန်းဖြေ အနားယူနိုင်သောခေတ်မီပန်းခြံကိုအမှတ်(၅)ရပ်ကွက်ကန်တော်ကြီးအနီးယခင်ကန်တော်ကြီးဥယျာဉ်နေရာတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပန်းခြံတည်ဆောက်မည့်မြေဧရိယာမှာ နှစ်ဧကကျော်ကျယ်ဝန်းမည်ဖြစ်သည်။

ယင်းပန်းခြံကိုယခု၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်စတုတ္ထသုံးလပတ်ငွေလုံးငွေရင်းလုပ်ငန်းအောက်အသုံးစရိတ် အနေဖြင့်ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ပြီးလတ်တလောခန့်မှန်းကုန်ကျငွေမှာကျပ်သိန်းပေါင်း ၂၀၀ ကျော် အသုံးပြုသွားရန်လျာထားကြောင်းသိရသည်။

ယခုအကောင်အထည်ဖော်မည့် ကန်တော်ကြီးခေတ်မီပန်းခြံသစ်တွင် ပြည်သူများအနားယူအပန်းဖြေနိုင်ရန် ထိုင်ခုံအရေအတွက်၅၀ကျော်၊ပန်းအလှပင်များနှင့်အရိပ်ရပင်များ၊ဒန်း၊လျှောစသည့်ကလေးများဆော့ကစားနိုင် ရန်ကလေးကစားကွင်းနေရာများထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းပန်းခြံကိုယခုနှစ်စတုတ္ထလေးလပတ်တွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Source:Kyeemon

Local Mixed Use and Urban Read 82 times