တစ်ပတ်အတွင်းရန်ကုန်မြို့၏အိမ်ခြံမြေသုံးသပ်ချက်နှင့်ဈေးနှုန်းများ


03 November, 2020

၂ဝ၁၂ခုနှစ် အိမ်ခြံမြေရွှေခေတ်ဖြစ်ခဲ့သောအချိန်မှ စပြီးအရောင်းအဝယ်ရင်းနှီးမြှုပ်နှံမှုများအေးနေခဲ့သော်လည်း ၂ဝ၁၇တွင်ရန်ကုန်မြို့၏နေရာအချို့တွင် အငှားဈေးကွက်နှင့် အရောင်းအဝယ်အနည်းငယ်ပြန်သွက်လာကြောင်း သိရသည်။

အရောင်းအဝယ် အရမ်းမသွက်ပေမဲ့စက်မှုဇုန်မှ မြေများပုံမှန်ဈေးနှင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊အရောင်း အဝယ်မှာ အရင်နှစ်ကထက်ပိုဖြစ်လာကြောင်းသိရသည်။

ယခုတွင် တစ်နေရာစီမှ အရောင်းအဝယ်ဖြစ်လာတာများရှိပြီးစီမံကိန်းနေရာများအဝယ်လိုက်လာကြောင်းသိ ရသည်။

တစ်ချို့မှာ ဈေးများမြင့်သောကြောင်းအရောင်းအဝယ်မဖြစ်မှုများရှိကြောင်း၊အိမ်ခြံမြေဈေးနှုန်းများမှာ ယခင်ထက်သုံးဆယ်ရာခိုင်နှုန်းကျသွားပြီး

ထပ်ကျရန် အခြေအနေမရှိတော့ကြောင်း၊မြေဈေးများမှာ တိုက်ခန်းဈေးများအားအခြေခံနေသဖြင့် တိုက်ခန်းဈေးမကျကြောင်းသိရသည်။

အိမ်ခြံမြေဈေးကွက်သည်၂ဝ၁၂၊၂ဝ၁၃ခုနှစ် များတွင်အိမ်ခြံမြေ ရွှေခေတ်ဖြစ်ခဲ့သော်လည်း၂ဝ၁၄နှစ်ကုန်ပိုင်း တွင်အရောင်းအဝယ်မှာအေးခဲ့ကြောင်းသိရသည်။

၂ဝ၁၇တွင်အရောင်းအဝယ် ပိုဖြစ်လာသဖြင့်ဈေးနှုန်းများလည်းပြန်ကျနေပြီဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကွက်ပြန်ကောင်းလာနိုင်ကြောင်းသိရသည်။

 

 အိမ်ခြံမြေဈေးနှုန်းများ
လိပ်စာ အမျိုးအစား အကျယ်အဝန်း တန်ဖိုး(ကျပ်)
သာကေတ အနောက်မြို့မ(၁၄)လမ်း ငါးလွှာ ၁၈ပေ×ပေ၅၀ သိန်း ၂၉၀
ရန်ကင်း ကျောက်ကုန်းလမ်းမ နှစ်လွှာ ၁၃၇၅စတုရန်းပေ သိန်း ၂၂ဝဝ
ဗဟန်း တက္ကသိုလ်ရိပ်သာလမ်းသစ် သုံးလွှာ ၁၅ဝဝစတုရန်းပေ သိန်း ၂၄ဝဝ
မရမ်းကုန်း ဦးချစ်ထွန်းလမ်း မြေညီထပ်  ၁၈ပေ×ပေ၄ဝ  သိန်း ၄၅၀
တောင်ဥက္ကလာ သီလ(၁၂)လမ်း နှစ်လွှာ  ၁၈ပေ×၅၄ပေ  သိန်း ၅၂၀
မင်္ဂလာတောင်ညွှန့် ပုသိမ်ညွှန့်(၈)လမ်း မြေညီ  ၁၃ပေ×၅၅ပေ သိန်း ၇၅ဝ
ဒဂုံ နဝဒေးလမ်း လေးလွှာ ၇၅ဝစတုရန်းပေ သိန်း ၈ဝဝ
သန်လျင် အောင်ချမ်းသာ လုံးချင်း  ၂၂ဝဝစတုရန်းပေ သိန်း ၂၂ဝဝ
တာမွေ ဓမ္မစိန္တာလမ်း မြေညီ ၁၅ပေ×ပေ၆ဝ သိန်း ၇၈ဝ


Kumudra Journal

Local Real Estate & Properties Read 137 times