မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းလူနေထိုင်ခြင်းမရှိသည့်အပြင် ဂရန်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိသော မြေကွက်များကို ကွင်းဆင်းစစ်ကာပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း မြို့တော်ဝန် မှ မန္တလေးတိုင်းလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
လူနေထိုင်ခြင်းမရှိသည့် မြေကွက်များကို ကွင်းဆင်းကောက်ယူ၍ မည်သည့်မြေကွက်အရွယ်အစားကိုမဆို တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး စည်ပင်ဥပဒေအတိုင်း လုပ်ဆောင်မည်ဟုပြောကြားကြောင်းသိရသည်။
ချမ်းမြေသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်၏မန္တလေးခရိုင်အတွင်းလူနေ ထိုင်ရန်ချထားပေးခဲ့သည့် အကွက်ကျယ်(ဧက)ဂရန်ချထားပေးသောမြေကွက်များကို
စာရင်းကောက်ယူပြီးနောက်ဂရန်စည်းကမ်းနှင့်မညီသောမြေကွက်များအား ပြန်လည်သိမ်းယူရန်အစီအစဉ်ရှိ မရှိ သိလိုကြောင်းမေးခွန်းကို မြို့တော်ဝန်မှ မန္တလေးမြို့အတွင်းတွင်
အဆောက်အအုံဆောက်လုပ်ခြင်းမရှိသောမြေလွတ်၊မြေကွက်လပ်များကို စည်ပင်ဥပဒေနှင့် အညီအရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့သို့မလုပ်ချင်သဖြင့် ဖေဖော်ဝါရီ ၁၆ရက်မှ စပြီး မြေကွက်ပိုင်ရှင်များကို ဂရန်များ အမြန်ဆုံးလျှောက်ထားရန်နှိုးဆော်ခဲ့ကြောင်းသိရသည်။
စည်ပင်မှ လည်းသုံးလအတွင်းတွင်ဂရန်မြေများဖြစ်ရန် လုပ်ပေးနေပြီး သတ်မှတ်ကာလ ၁ဝပြည့်သွားလျှင် ကွင်းဆင်းစာရင်းကောက်ယူပြီး တိုင်းအစိုးရအဖွဲ့တင်ပြပြီး ကြေညာချက်အတိုင်းဥပဒေအရပြန်သိမ်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
၁၉၉၂ခုနှစ် တွင် မန္တလေးမြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ လူနေအိမ်မြေကွက်များ၊စက်မှုလုပ်ငန်းမြေကွက်လိုအပ်သူများမြေနေရာချထားပေးခဲ့ပြီး ၂ဝ၁၃ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှမြေကွက်များနှင့် ပတ်သက်၍
တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် ဂရန်မြေ လျှောက်ထားခြင်း၊အမည်ပြောင်း လျှောက်ထားခြင်းများဆောင်ရွက်ကြရန်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာထားခဲ့ပြီး ဖြစ်ကြောင်း၊ယခုနှစ်ဖေဖော်ဝါရီလအတွင်းလည်း
ဒုတိယအကြိမ်အသိပေးထားပြီဖြစ်၍ လိုက်နာခြင်းမရှိသော မြေကွက်များကို ပြန်လည်စိစစ်ကာမြေချထားမိန့်၊မြေစလစ်နှင့် မြေငှားဂရန်များအဖြစ်မှ ပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲမြေ(အစိုးရမြေ)အဖြစ်ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။
ဧကကွက်ကျယ်များချထားပေးပြီးဖြစ်သော်လည်း ဂရန်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမပြုသောမြေကွက်များကို ပြန်သိမ်းရန် ရှိမရှိ မေးမြန်းထားခြင်းဖြစ်သည်။
ထိုမြေကွက်အကျယ်များသည် အများပြည်သူပိုင်နေရာအဖြစ်လျာထားသော မြေနေရာဖြစ်ဖြစ်၊မူလက ချထားပေးခဲ့သော မြေဖြစ်ဖြစ်ထိုအကွက်ကျယ်လူနေထိုင်ရန်ရည်ရွယ်ပြီး
ချထားပေးသော မြေကွက်အကျယ်နှင့်လျော်ညီသော အဆောက်အအုံကို ခြောက်လအတွင်း ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။
စက်မှုဂရန်သည် မူလချထားပေးစဉ်ကအတိုင်း လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး မြေကိုအသုံးချရမည်။ယခုချိန်ထိ ဧကကွက်အကျယ်များအား ဘာမျှ မလုပ်ဘဲထိုအတိုင်းရှိနေကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် မှ ပြောကြားကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်းရှိ ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်(၁)၊(၂) တို့တွင် အဆောက်အအုံဆောက်လုပ်ခြင်းမရှိသည့်မြေလွတ်၊မြေလပ်(မြေဧကကွက်အပါအဝင်)မြေလွတ်၊မြေကွက်လပ်
၉ဝဝဝကျော်ရှိနေပြီး မြေပေးမိန့်များကို ကိုယ်စားလှယ်လွှဲစာ၊အထူးကိုယ်စားလှယ်လွှဲစာများပြုလုပ်ကာ ရောင်းချလျက်ရှိကြောင်းမန္တလေးမြို့ခံအိမ်ခြံမြေ အကျိုးတော်ဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
The Voice