တံတားဆောက်လုပ်ပြီးနောက်မြောက်ဒဂုံ၏ အိမ်ခြံမြေအခြေအနေ


16 November, 2020

ငမိုးရိပ်(သစ္စာလမ်း)တံတားသစ်တည်ဆောက်ပြီးစီးပြီးနောက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်နေထိုင်ရန်ယခင်ကထက်စိတ်ဝင်စားမှုများလာသည်ဟု အိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြားကြောင်း သိရသည်။

ယခင်တံတားဟောင်းကို အစားထိုးလိုက်သည့် တံတားသစ်သည် တောင်ဥက္ကလာပမြို့နယ်ရှိ သစ္စာလမ်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ငါးမာန်အောင်ဘုရားလမ်းအား ဆက်သွယ်ပေးထားပြီး နိုဝင်ဘာ ၂၉ တွင် ဖြတ်သန်းသွားလာခွင့်စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

တံတားသစ်တည်ဆောက်ပြီးနောက် ဒဂုံမြောက်ပိုင်းနှင့် ဒဂုံတောင်ပိုင်းသို့ယခင်ကထက်သွားလာရေးပိုမို လွယ်ကူအဆင်ပြေလာသဖြင့် အိမ်ခြံမြေ စျေးကွက်အား ယခင်ကထက်စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်းသိရသည်။

သွားလာရေးလွယ်ကူရန် တံတားများဖွင့်သည်ဆိုလျှင် ထိုပတ်ဝန်းကျင်တွင် အိမ်ခြံမြေအရောင်းအဝယ်ဖြစ်လေ့ရှိကြောင်း သိရသည်။ယခု လည်းထိုနေရာများတွင်

အိမ်ခြံမြေ လှုပ်ရှားမှုများရှိကြောင်း နောက်ပိုင်းတွင် အငှားပိုင်းအနေနှင့်လည်း နေရာဒေသတစ်ခုတွင် သွားလာရေးလွယ်ကူလျှင်လူနေထိုင်မှုများလာသည်ဖြစ်သည့်အတွက် အငှားများလည်း သွက်လာကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၏ အိမ်ခြံမြေ စျေးကွက်ကို စိတ်ဝင်စားမှုများပြားလာသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်အိမ်ခြံမြေ စျေးကွက်မှာအေးနေသောကြောင့် စျေးနှုန်းမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။

တကယ်နေထိုင်မည့်သူများအတွက် ဝယ်မည်ဆိုလျှင် အဆင်ပြေပြီး စျေးများသည် ဒဂုံမြောက်ပိုင်းဆိုလျှင် မဆိုးကြောင်းကို မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၏ အထွေထွေ အတွင်းရေးမှူးမှ ပြောကြားသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် တည်နေရာအနေအထားပေါ် မူတည်ကာ စျေးနှုန်းအမျိုးမျိုးရှိနေပြီး အနည်းဆုံးတိုက်ခန်းအရောင်းစျေး ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၃ဝဝ ဝန်းကျင် အတွင်းရှိနေသည်ဟု သိရသည်။

မြေစျေးနှုန်းမှာ တစ်ပေပတ်လည် ပျမ်းမျှ ကျပ်သုံးသိန်းဝန်းကျင် ရှိနေကြောင်း သိရသည်။

Myanmar Time

Real Estate & Properties Read 204 times