နိုင်ငံတကာ အဆင့်မီ ရှစ်ထပ်ဟိုတယ်၊ သုံးထပ်ကုန်တိုက်ပါဝင်မည့် တညင်းကုန်းလက်ကားဈေး


18 November, 2020

နိုင်ငံတကာ အဆင့်မီတညင်းကုန်းလက်ကားစျေးတွင် ရှစ်ထပ်ဟိုတယ်၊သုံးထပ်ကုန်တိုက်ပါဝင်မည်ဖြစ်ကြောင်း Myanmar Argo Exchange Public Ltd မှတာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။

ပထမအဆင့်အနေနှင့် ဟင်းသီးဟင်းရွက်(ကုန်စိမ်း)ဆိုင်ခန်း၊ကုန်မျိုးစုံနှင့် စားသောက်ဆိုင်ခန်း၊တောင်သူလက်လီ ရောင်းစျေးရုံ၊သစ်သီးလက်ကား၊စျေးရုံများကို စတင်ဖွင့်လှစ်ရောင်းချပေးနေပြီဖြစ်သည်။

ဒုတိယအဆင့်တည်ဆောက်မှုအနေနှင့် အလတ်စားပွဲရုံများ၊ရာသီထွက် ကုန်သီးနှံစျေးရုံ၊စားသောက်ဆိုင်နှစ်ထပ်စျေးရုံများ တည်ဆောက်သွားရန်ရှိကြောင်း သိရသည်။

ကျန်တာတွေကိုတော့ အဆင့်ဆင့်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

တညင်းကုန်းစျေးဧရိယာအနေဖြင့် ၈၂ဧက ကျယ်ဝန်းပြီး အဆောက်အအုံဆောက်လုပ်မည့် အကျယ်အဝန်းစုစုပေါင်းသည် ၂၆၅၂၄၇၈ စတုရန်းပေ ခန့်ရှိကြောင်းသိရသည်။

ယင်းစျေးဧရိယာတွင် လူနေ/ဆိုင်ခန်း Shop House အလုံး ၂ဝဝပါဝင်မည်ဖြစ်ရာ သုံးထပ်ပါ လူနေ/ဆိုင်ခန်း ၁၃၉လုံးနှင့် လေးထပ်ပါ လူနေ/ဆိုင်ခန်း ၆၁လုံးတို့ပါဝင်မည်ဖြစ်ပြီး

အခြားအဓိက အဆောက်အအုံများ အနေဖြင့် သစ်သီးလက်ကားစျေး၊ရာသီပေါ်သစ်သီးစျေး၊အဆင့်ဆင့်ပြုလုပ်ထားသည့် အသား၊ပင်လယ်စာနှင့် အေးခဲထားသော အစားအစာများ၊အသားငါးပင်လယ်စာနှင့်

မီးဖိုချောင် သုံးပစ္စည်းများရောင်းချသည့် မြေပြင်စျေး၊ပန်းမန်၊သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားစျေး၊အအေးခန်းသိုလှောင်ရုံ၊ထုတ်ပိုးမှုပြုရန်နေရာ၊အဆင့်ဆင့်

ပြုပြင်ထုတ်လုပ်သော စားသောက်ကုန်စက်ရုံ၊ရှစ်ထပ်ဟိုတယ်၊နှစ်ထပ်စားသောက်ဆိုင်၊သုံးထပ်ကုန်တိုက်ကြီးနှင့် သုံးထပ်စျေးအုပ်ချုပ်ရေးမှူးရုံးတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျငွေအနေဖြင့် ငွေကျပ် ၉၉ဒဿမ ၈ ဘီလျံခန့်မှန်းထားကြောင်းသိရသည်။

Region Read 67 times