ကမ္ဘာ့အလှဆုံး ရဲတိုက်များ


18 November, 2020

ကမ္ဘာတစ်ဝန်းလုံးတွင် အသက်ရှုမှားရလောက်အောင်ထိ လှပသော ရဲတိုက်အများအပြားရှိသောကြောင့် Top Ten စာရင်းထဲပါဖို့အတွက် ခက်ခဲသည်။

အတတ်နိုင်ဆုံးနဲ့ အလှဆုံး ၁ဝခု ကို စာရင်းပြုစုထားပါတယ်။ထို ၁ဝကို သဘောမတူလျှင် မိမိတို့ကြိုက်နှစ်သက်သည့် ရဲတိုက်များကို comment ပေးနိုင်ပါသည်။

 

1.Mont Saint Michel

ပြင်သစ်ရှိ Mont Saint Michel သည် ခန့်မှန်းခြေအားဖြင့် ၁ကီလိုမီတာကမ်းလွန်တွင်တည်ရှိပြီး ဒီရေကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည် ပင်လယ်ရေမျက်နှာပြင်အထက်

၉၂မီတာ(၃ဝ၁ပေ)ဖြစ်သည်။နှစ်စဉ် လူဦးရေ ၃သန်းခန့်သွားရောက်လည်ပတ်ကြသည့် ထိုနေရာသည် ယူနက်စကို၏ ကမ္ဘာ အမွေအနှစ်တစ်ခုဖြစ်သည်။ထိုဒေသတွင် ဒီရေလျင်မြန်စွာပြောင်းလဲနိုင်သောကြောင့်

အဓိကကျွန်းနှင့် အဆက်အသွယ်ပြတ်တောက်မှုများရှိသည်။

 

1

 

2.Neuschwanstein Castle

ဂျာမနီတွင် ရှိသော ကြမ်းတမ်းသော တောင်ကုန်းပေါ်တွင် ၁၉ရာစုက နန်းတော်ကြီးတစ်ခုပင်ဖြစ်သည်။

Ludwig II မှ နန်းတော်ကို တည်ဆောက်ပေးခဲ့ပြီး ၁၈၈၆ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။တစ်နှစ်လျှင် လူသန်းပေါင်း ၁ ဒဿမ ၃ မီလျှံ လာရောက်လည်ပတ်ကြသည်။

2

 

3.Hohensalzburg Castle

အိုဟောင်းနေသော အဆောက်အဦများထဲက တစ်ခုပြောပါဆိုလျှင် ယူရိုမှာ ရှိသော Hohensalzburd လည်း တစ်ခုအပါအဝင်ဖြစ်သည်။၁၁ရာစုတွင် တည်ဆောက်ထားပြီး ၁၄ရာစုတွင် တိုးချဲ့ခဲ့သည်။

အမြင့်ပေ ၈၂ဝပေရှိပြီး ၄၉ဝပေ ကျယ်ဝန်းသည့် ထိုအဆောက်အဦးသညအလယ်ခေတ် ဥရောပ တွင် အကြီးဆုံး ရဲတိုက်တစ်ခုဖြစ်သည်။

3

 

4.Conwy Castle

Edward တည်ဆောက်ခဲ့သော မြောက်ကမ်းလွန်တွင်တည်ရှိသည့် ရဲတိုက်တစ်ခုဖြစ်သည်။၈ထပ် ပါဝင်သော တာဝါတစ်ခုဖြစ်ပြီး Edward တည်ဆောက်ခဲ့သမျှတွင် တန်ဖိုးအကြီးဆုံး အဆောက်အဦတစ်ခုဖြစ်သည်။

4

 

5.Kilkenny Castle

Kilkenny တွင်ရှိသော ရဲတိုက်သည်William သည် ၁၁၉၅ခုနှစ်တွင် Ireland တွင် တည်ဆောက်ခဲ့သည်။ယနေ့ခေတ်တွင် အိုင်ယာလန်ရဲ့လူကြိုက်အများဆုံး၊ခရီးသွားများအား ဆွဲဆောင်မှုတစ်ခုဖြစ်နေသည်။

5

 

6.Prague Castle

ကမ္ဘာပေါ်တွင် အကြီးဆုံးနဲ့ အို ဟောင်းဆုံး ရဲတိုက်များထဲမှ တစ်ခုဖြစ်သည်။ထိုအဆောက်အဦကို ၉ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့ပြီး အလျား ၅၇ဝမီတာ နှင့် အကျယ် ၁၃ဝ မီတာ ကျယ်ဝန်းသည်။

6

 

7.Bodiam Castle

Bodiam castle အား အင်္ဂလန်တွင် ၁၄ရာစုက တည်ဆောက်ခဲ့သည်။Sir Edward Dalyngrigge မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7

 

8.Windsor Castle

အင်္ဂလိပ်ခရိုင်အတွင်း Windsor တွင် တည်ရှိသည်။ယင်းနန်းတော်သည် ဗြိတိသျှတော်ဝင်မိသားစုနှင့် ၎င်း၏ ဗိသုကာလက်ရာများကြောင့် ထင်ရှားသည်။လူပေါင်း ငါးရာ နေထိုင်ပြီး အလုပ်လုပ်လျှက်ရှိသည်။

8

 

9.Miranda Castle

Ardennes ,Belgium ခရိုင်တွင် ၁၉ရာစုခေတ်က ရဲတိုက် တစ်ခုဖြစ်ပြီး Noisy Castle ဟုလည်း လူသိများသည်။၁၈၆၆ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

9

 

10.Alcazar of Segovia

စပိန်လူမျိုးများအတွက် စီဂိုဗီယာ castle သည် စီဂိုဗီယာမြို့ဟောင်းတွင် တည်ရှိသည်။ထို ရဲတိုက်သည် သင်္ဘောလေးကဲ့သို့ပုံသဏ္ဌာန်နှင့် ကျောက်တောင်ကုန်းပေါ်တွင် တည်ရှိသောကြောင့်

စပိန်အတွက် အများဆုံးကွဲပြားခြားနားသော ရဲတိုက်တစ်ခုဖြစ်သည်။ယင်းရဲတိုက်ကို ၁၂ရာစုတွင် Alcazar တည်ဆောက်ခဲ့သည်။

10

Source:Most Today.com

 

Tips Read 239 times