မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများတွင် နိုင်ငံခြားသားများအနေဖြင့်ပိုင်ဆိုင်မှု အရင်းအနှီး ၃၅% ထည့်ဝင်


04 December, 2020

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်အရ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများတွင် နိုင်ငံခြားသားများအနေဖြင့်ပိုင်ဆိုင်မှု အရင်းအနှီး ၃၅% ထည့်ဝင်နိုင်ပြီးပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရန် ခွင့်ပြုထားသော ကြောင့် ကုမ္ပဏီလုပ်ငန်းများ ပိုမိုအားကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုှနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားသည်။

ရည်ရွယ်ထားသည်ကနိုင်ငံခြားသားများ ကုမ္ပဏီတွင်ပါဝင်ခြင်းအားဖြင့် အရင်းအနှီးရရှိမည်။နည်းပညာရမည်။၎င်းတို့ဆီမှ ဈေးကွက်ရမည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ရက်တွင် စတင်အသက်ဝင်ကျင့်သုံးမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးမှလည်း အတည်ပြုပေးပြီးဖြစ်သည်။

ယခင် ဥပဒေဟောင်းတွင်ကုမ္ပဏီများသည် နိုင်ငံခြားသားရှယ်ယာထည့်ခွင့်မရှိ။

ထည့်သည်နှင့်ရှယ်ယာတစ်စုပါသည် နှင့် အလိုလိုနေရင်း နိုင်ငံခြားသားကုမ္ပဏီဖြစ်သွားပြီ။

ကိုယ့်အခွင့်အလမ်း ဆုံးရှုံးသွားတာပေါ့။ယခု ဥပဒေအရ ၃၅% ပေးထားသည်အတွက် အခွင့်အလမ်းတစ်ခုပင်။

ယခင်က မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏အချက်အလက်များကို မိတ်ဖက်အဖြစ် လက်ခံသင့် မသင့် မှန်မမှန် အလွယ်တကူ မစစ်ဆေးနိုင်သောကြောင့် ယခုအခါ Online Registration and Filing System 'MYCO'အား အသုံးပြု၍

အများပြည်သူသို့ အသိပေးရန်လိုအပ်သော အခြေခံ အချက်အလက်များကို ဝင်ရောက် ကြည့်ရှုနိုင်ရန် နှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအားလုံးတွင် တရုတ်နိုင်ငံသည် ၂၆ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

စင်ကာပူမှ ၂၅ရာခိုင်နှုန်း ၊ထိုင်းမှ ၁၄ရာခိုင်နှုန်း၊ဟောင်ကောင် ၁ဝ ရာခိုင်နှုန်း၊ဗြိတိန်နိုင်ငံမှ ၅ရာခိုင်နှုန်းစသည်ဖြင့် အဆင့်ဆင့် ရပ်တည်လျက်ရှိသည်။

Local Laws and Regulations Read 94 times