စာချုပ်စာတမ်း များမှတ်ပုံတင်ဥပဒေ အရမှတ်ပုံတင် ပြီးဖြစ်သောစာချုပ်စာတမ်းများသည် -(က)စာချုပ်ချုပ်ဆိုသည့် နေ့ရက်မှစ၍ အကျိုးသက်ရောက်မှုရှိရမည်။
(ခ) ရွေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်သက်ဆိုင် လျှင်ယင်းပစ္စည်းများနှင့် စပ်လျဉ်း၍ စာချုပ်စာတမ်းပါစည်းကမ်းချက်များနှင့် ဆန့် ကျင်သော နူတ်ကတိ သို့မဟုတ် အကြောင်းကြားကြေညာချက်ကိုလွှမ်းမိုး၍ အကျိုးသက်ရောက်မှုရှိစေရမည်။
(ဂ)ပုဒ်မခွဲ(ခ)အရ အကျိုးသက်ဆိုင် မှုရှိသော်လည်း စာချုပ်စာတမ်း ပါ စည်းကမ်းချက် များနှင့်ဆန့်ကျင်သောနူတ်ကတိ(သို့) အကြောင်းကြားကြေညာချက်အရ လက်ရောက်ပေးအပ်ပြီးဖြစ်သော ပစ္စည်းနှင့်သက်ဆိုင်ခြင်း မရှိစေရ။
ပုဒ်မ၁၆ အရ သတ်မှတ်သော မှတ်ပုံမတင် မနေရ စာချုပ်စာတမ်း များကို မှတ်ပုံတင်ခြင်းမပြုလျှင်-
(က) မရွေ့မပြောင်းနိုင်သောပစ္စည်းကို တစ်နည်းနည်းဖြင့်လွဲပြောင်းခြင်း၊ ငှါးရမ်းခြင်းတို့သည် အကျိုးသက်ရောက်မှုမရှိစေရ။
(ခ) ကိတ္တိမသားသမီး မွေးစားခြင်းအတွက် တရားဝင်အထောက်အထား သက်သေခံချက် မဖြစ်စေရ။
(ဂ) စာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သည့် (သို့) အခွင့် အာဏာပေးအပ်ချက်သည် တရားဝင်အထောက်အထားသက်သေခံချက်မဖြစ်စေရ။
ပုဒ်မ ၁၆၊ ပုဒ်မ ခွဲ(က)၊(ခ)၊(ဂ)၊(ဃ) နှင့်(င) တို့ပါ စာချုပ်စာတမ်း များနှင့် ပုဒ်မ ၁၇ ပုဒ်မခွဲ (က) ၊ (ခ)နှင့် (ဂ) တို့ပါ စာချုပ်စာတမ်း များကို မှတ်ပုံတင်ထားလျှင် ယင်းစာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သော ကတိပြုချက်နှင့်စည်းကမ်းချက်များသည် တရားဝင်ဖြစ်သည်။