ရန်ကုန်မြို့သန် လျင်တွင်တစ်နှစ်လျှင် ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၁ဝ သန်းထုတ် နိုင်မည့် ရေနံချက်စက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး က ပြောကြားသည်။
‘‘ရေရှည်နိုင်ငံခြားကနေ ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက် တင်သွင်းနေရမယ့်အစား ပြည် တွင်းမှာကိုယ့်ဘာသာကိုယ်စက် ရုံကိုတည်ဆောက်မှာဖြစ်တယ်’’ ဟု စက်တင်ဘာ ၁၃ ရက် တွင်ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၏ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခြင်းဖြစ်သည်။
ရေနံချက်စက်ရုံကို ယခင် သန်လျင် ရေနံချက်စက်ရုံ အဟောင်းနေရာတွင်တည်ဆောက် ရန် လျာထားပြီး အစိုးရချင်း ပူး ပေါင်းလုပ်ကိုင်သည့် စနစ်ဖြင့် ဆောင်ရွက်မည့် နိုင်ငံကို ရွေးချယ်ရန် ညှိနှိုင်းနေကြောင်း သိရသည်။
တန်ချိန် ၁ဝသန်းထွက်ရန် ရည်မှန်းထားသော်လည်း ဆောင် ရွက်မည့် နိုင်ငံနှင့် ညှိနှိုင်းချက်အ ပေါ်မူတည်၍ ပမာဏအပြောင်း အလဲရှိနိုင်ပြီး အနည်းဆုံး တန်ချိန် ခုနစ်သန်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟုဆိုသည်။
ထို့အပြင် လက်ရှိဈေးနှုန်းမြင့်မားနေသည့် ဒီဇယ်ဂါလန်နှစ်သန်းနှင့် ဓာတ်ဆီဂါလန် သုံးသန်းကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသို့ စက်တင်ဘာအတွင်း ရောင်းချ ပေးနေပြီး ယင်းမှတစ်ဆင့် ပြည် တွင်းဈေးကွက်သို့ရောင်းချပေး မည်ဖြစ်ကြောင်း ပြောသည်။
‘‘အခုလို ပမာဏများများ ထုတ်ရောင်းလိုက်တဲ့ အခါမှာ တော့ဈေးနှုန်းက အထိုက်အ လျောက်ထိန်းသွားတာတော့ သေ ချာတယ်’’ ဟု ၎င်းကဆိုသည်။
ဓာတ်ဆီကို တစ်ဂါလန်လျှင် ကျပ် ၃,၆ဝဝ ဖြင့်မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်းမှ ရောင်းချပေးနေ ပြီး မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချရေးအသင်းမှ တစ် ဆင့်ဝယ်ယူမည့် စက်သုံးဆီအ ရောင်းဆိုင်များသို့ ကျပ် ၃,၉၅၀ ဖြင့်ရောင်းချမည်ဖြစ်သည်။
ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၄,ဝဝဝ နှုန်းဖြင့် ရောင်းချပေးပြီး စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တစ်ဆင့် ဝယ်ယူမည့်စက်သုံးဆီအရောင်း ဆိုင်များသို့ ကျပ် ၄,၄၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။
လက်ရှိတွင် စက်တင်ဘာ ၁၃ ရက်ပေါက်ဈေးအရ ၉၂တစ် လီတာလျှင် ကျပ် ၉၈၀နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၁,၀၃၀ သို့ ရောက်ရှိခဲ့သည်။ လက်ရှိစက်သုံး ဆီဈေးနှုန်းသည် ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချသူများအသင်း အတွင်း ရေးမှူးက ပြောကြား သည်။
သန်လျင်ရေနံစက်ရုံသည် ရေတိမ်သည့် နေရာတွင်ရှိသော ကြောင့် တန်ချိန်ခြောက်ထောင် ထက်ကြီးသော သင်္ဘောဝင် ရောက်နိုင်ခြင်းမရှိကြောင်းရှင်းပြသည်။ရန်ကုန်မြို့ပင်လယ်ဝနှင့် မိုင် ၅ဝ ပတ်လည်တွင် ရေအနက် ရှိသည့်နေရာကိုရွေးချယ်၍ ဆိပ် ကမ်းတည်ဆောက်ကာယင်းနေ ရာ၌ သင်္ဘောကြီးများကပ်နိုင် မည်ဖြစ်ကြောင်းဆိုသည်။
ပူးပေါင်းလုပ်ကိုင်မည့်နိုင်ငံသည်အရှေ့တောင်အာရှနိုင်ငံထဲကဖြစ်ပြီးမိမိတို့နိုင်ငံရေး တည်ငြိမ်မှုကို အထောက်အကူပြုသည့် နိုင်ငံကို ရွေးချယ်မည် ဖြစ်ကာလက်ရှိညှိနှိုင်းနေသည့် နိုင်ငံထဲတွင် တရုတ်နိုင်ငံမပါဝင်သေးကြောင်းသိရသည်။
အထက်မြန်မာပြည်အတွက် မန်းသံပရာ စက်ရုံအနီးတွင်တည်ဆောက်ရန် စဉ်းစားနေကြောင်း ၎င်းကပြောသည်။မြန်မာနိုင်ငံ အနေဖြင့် တစ် နှစ်လျှင် ဓာတ်ဆီ၊ ဒီဇယ်၊ လေ ယာဉ်ဆီတန်ချိန် ငါးသန်းခန့်သုံးစွဲပြီးနိုင်ငံတော်က လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းကျော်သာ ထုတ်လုပ်နိုင်သည်။