ရေကြောင်းပြအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း


05 December, 2020

ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်အတွင်းရေကြောင်းပြအဆောက်အအုံ(Offshore Fixed Pilot Station) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

          ယင်းစီမံကိန်းကို ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် ၂ဝအကွာ တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး သုံးထပ်သံကူကွန်ကရစ်အဆောက်အအုံတစ်လုံးအပါအဝင် ဆိပ်ခံတံတားတစ်စင်း၊ရေကြောင်းပြဆိုင်ရာပစ္စည်းကိရိယာများ၊Pilot Boat တို့လည်းပါဝင်မည်ဖြစ်သည်။ရေကြောင်းပြသုံးထပ်သံကူကွန်ကရစ်အဆောက်အအုံသည်အလျား ၃၃.၂ မီတာ၊အနံ ၃ဝ.၄ မီတာရှိပြီး ယင်းအဆောက်အအုံအတွင်းမီးစက်၊ရေသန့်စင်စက်၊ရေဆိုးသန့်စင်စက်၊ရေကြောင်းဆက်သွယ်ရေးကိရိယာ၊ရေဒါစက်နှင့် Pilot Boat သုံးစင်းပါဝင်မည်ဖြစ်သည်။

           ယင်းစီမံကိန်းတွင် ပါဝင်မည့် ဆိပ်ခံတံတားမှာ GRT 1500 အရွယ် ရေယာဉ်များဆိုက်ကပ်နိုင်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၂ဝ.၉သန်းအကုန်အကျခံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်မြစ်ထဲကို ပင်လယ်ကူးသင်္ဘောကြီးများ အဝင်အထွက်လုပ်နေသောကြောင့် ဒီစီမံကိန်းသည်အများကြီးအထောက်အကူပြုမည်ဖြစ်သည်။အကျိုးရှိစေသော စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်မည်ဟု သိရသည်။

          ထို့ပြင်အပျော်စီးသင်္ဘောများ အများအပြားဝင်ရောက်လေ့ရှိသဖြင့် ရေကြောင်းအန္တရာယ်ကင်းဝေးစေရန်နှင့် ယင်းစီမံကိန်းက အထောက်အကူကောင်းများ ဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။လက်ရှိတွင်ရေကြောင်းပြအဆောက်အအုံ (Offshore Fixed Pilot Station)စီမံကိန်းသည် ၆ဝရာခိုင်နှုန်းပြီးစီးနေပြီး မိုးတွင်းကာလတွင်လုပ်ငန်းများ ခေတ္တရပ်နားထားကာ ပွင့်လင်းရာသီရောက်မှ သာဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ တည်ဆောက်ရေးလုပ်ငန်းရှင်များကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ရာ ကမ်းဝေးပိုင်းပင်လယ်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံများသည့် China Harbour Engineering မှ တင်ဒါအောင်မြင်ကာ လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Source:Myawaddy

Infrastructure and Zones Read 93 times