သင့်အိမ် နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်ကြမလဲ...?


06 December, 2020

အဝတ်ဗီရို၊ အမှတ်တရတွေနဲ့ နေ့စဉ်ဘ၀ နေထိုင်မှုတွေကို ကြည့်ပြီး ကိုယ့်နေအိမ်အတွက် နံရံသုတ်ဆေး အရောင်ကို ရွေးချယ်နိုင်ပါတယ်။

                   အခန်းတစ်ခန်းကို အသွင်ပြောင်းဖို့ အလျင်မြန်ဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းက ဆေးသုတ်တာပါပဲ။ ဒါပေမဲ့ နံရံသုတ်ဆေးအရောင်ကို မရွေးချယ်ရသေးဘူး ဆိုရင် ဘယ်နေရာက စစဉ်းစားကြမလဲ။ အိမ်တွင်းအလှဆင် ဒီဇိုင်နာသုံးဦးရဲ့ အကြံပြုချက်တွေ နဲ့အတူ အချိန်တို အတွင်း အလှပဆုံး ဆေးရောင်ကို ရွေးချယ်နိုင်ဖို့ ဖော်ပြ ပေးချင်ပါတယ်။

ဗီရိုဖွင့်ကြည့်ပါ

           အိမ်သုတ်ဆေး အရောင်းဆိုင်ကို တန်းသွား၊ ဆေးနမူနာ အရောင်ပြားလေးတွေ ကြည့်ပြီး လှမယ်ထင်တဲ့ အရောင်ကို စွန့်စွန့်စားစား ရွေးချယ် ဝယ်ယူလေ့ရှိတတ်ကြတာ သဘာဝပါ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ လူအများစုက ကိုယ်သုတ်မယ့် ဆေးရောင်ကို မရွေးခင် ဆေးသုတ်သမား အရင် ငှားထားတတ် ကြပါတယ်။ တကယ်တမ်း လုပ်ရမှာက နံရံသုတ်ဆေး အရောင်းဆိုင်ကို မသွားခင် ကိုယ်ရွေးချယ်ရမယ့် အရောင်တွေကို ပဏာမအဆင့် ကြိုတင် ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုရွေးမလဲ

            ဗီရိုကိုဖွင့်ပြီး ကိုယ်ဘယ်အရောင်တွေ အများဆုံး ဝတ်လေ့ရှိတယ် ဆိုတာကြည့်ပါ။ အဝတ်အစားတွေက ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တွေ အများဆုံး ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ အလိုက်ဖက်ဆုံး အရောင်ကို အိမ်ထဲမှာ သုတ်မယ်ဆိုရင် ဒီထက်ကောင်းတဲ့ ရွေးချယ်မှုမျိုး ရှိမှာ မဟုတ်တော့ပါဘူး။

                 အဝတ်အစား ထွက်ဝယ်ခြင်းကလည်း နံရံသုတ်ဆေး အရောင်အတွက် စိတ်ကူး ပေါ်လာစေပါတယ်။ အပြာရောင် အဝတ်အစားကို ကာကီရောင်၊ အနက်ရောင် သားရေဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တတ်တယ်ဆိုရင် ဒီအရောင်တွေက ကိုယ့်အိမ်အတွက် ဆေးရောင်လေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ဧည့်ခန်းကို Navy ပြာရောင် ဆေးသုတ်မယ်။ သားရေအလှဆင် ပစöည်းလေးတွေ ထားမယ်။ ငွေရောင်ဖယောင်းတိုင်စင်၊ လက်ဝတ်တန်ဆာလေးတွေ၊ ဓာတ်ပုံဘောင်လေးတွေ စတာတွေနဲ့ တွဲဖက် တန်ဆာဆင်လို့ ရပါပြီ။

ပျော်ရွှင်စရာအမှတ်တရများကိုတူးဖော်ခြင်း

               ကိုယ်ကြီးပြင်းလာခဲ့တဲ့ အခန်းမှာ ဘာဆေးရောင် သုတ်ထားလဲ။ ဘယ်သုတ်ဆေးအရောင်က ကိုယ့်ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သလဲ။ ဘယ်နေရာကမဆို စိတ်ကူး ရနိုင်ပါတယ်။ အဖွားအိမ်ကို အလည်သွားတုန်းက ဆေးအဝါရောင် သုတ်ထားတဲ့ အဖွားအိမ်ရဲ့မီးဖိုချောင်မှာ ကိုယ့်အတွက် ပျော်ရွှင်စရာ အမှတ်တရတွေ ရှိခဲ့မယ်။ ပင်လယ်ပြင်ကို ခရီးထွက်တဲ့ အချိန်မှာ အပြာရောင်က ကိုယ့်စိတ်ကို တည်ငြိမ်စေခဲ့တယ် စသဖြင့်ပေါ့။ ပျော်ရွှင်စရာ အမှတ်တရတွေထဲမှာ အရောင်တွေကို ရှာမတွေခဲ့ဘူးဆိုရင် ကိုယ်အနှစ်သက်ဆုံး ခရီးသွား ဓာတ်ပုံစာအုပ် တစ်အုပ်ကို ယူလိုက်ပါ။ ကိုယ့်စိတ်ကို ဖမ်းစားနိုင်တဲ့ အရောင် ရှိမရှိကြည့်ပါ။ ကိုယ်ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာလည်း စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ တခြားအိမ်ကို သွားလည်တဲ့အခါ ကိုယ်အကြိုက်ဆုံးက ဘယ်အရောင်ဆိုတာ သတိထား ကြည့်နိုင်ပါတယ်။

            အရောင်တွေ အတွက် တကယ့်စည်းမျဉ်းအစစ် ဆိုတာ မရှိပါဘူး။ မျက်စိအေးတဲ့ အရောင်တွေအစား ကိုယ့်အခန်းကို အနီရောင်ရဲရဲ သုတ်မယ်ဆိုလည်း သုတ်လို့ရပါတယ်။ အိပ်ငိုက်နေတဲ့ အချိန်ဆိုရင် အနီရောင်က လူ့စိတ်ကို နိုးကြား စေပါတယ်။ တချို့လူတွေ အတွက် အနီရောင်က စိတ်တည်ငြိမ်မှုကို ပေးစွမ်း နိုင်ပါတယ်။ သူများတွေပြောတာ နားမယောင်ဘဲ ကိုယ့်အတွက် တကယ် စိတ်အေးချမ်းမှု ပေးစွမ်းနိုင်တဲ့ အရောင်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

လိုချင်တဲ့ခံစားချက်ကို စိတ်ကူးပုံဖော်ပါ

           အခန်းကို အပြာရောင်သုတ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပါစို့။ ဘယ်အပြာရောင် သုတ်မှာလဲ။ ကိုယ်ဖန်တီးချင်တဲ့ အခန်းပုံစံလေးကို စိတ်ကူးယဉ်ကြည့်မယ် ဆိုရင် အထောက်အကူ ဖြစ်နိုင်ပါတယ်။ သက်သောင့်သက်သာ ရှိချင်ရင် အပြာရောင်အရင့် ကိုရွေးချယ်ပါ။ တည်ငြိမ် အေးချမ်းမှုကို လိုချင်တယ် ဆိုရင် အပြာရောင်အဖျော့ ကိုရွေးပါ။ ပင်လယ်ပြာပြာအရောင် လောက်ဆိုရင် အကောင်းဆုံးပါပဲ။ အပြာရိပ် သန်းနေတာလေးကို နှစ်သက်တယ် ဆိုရင် အပြာရောင်၊ ခရမ်းပြာရောင်၊ အစိမ်းရောင်ဘက် သန်းတဲ့ အပြာရောင်တွေ ကိုရွေးချယ်ပါ။ အပြာရောင်ရဲ့ ရိပ်သန်းအရောင်တွေကို သိထားမယ်ဆိုရင် အခန်းတန်ဆာဆင်ဖို့ ပစöည်းတွေ ဝယ်ယူရာမှာ အသုံးဝင် ပါလိမ့်မယ်။ ကိုယ်ဘယ်အရောင် လိုချင်တယ်ဆိုတာ သေချာအောင် လုပ်ဖို့ အရောင်တွေနဲ့ ပတ်သတ်တဲ့ သူငယ်ချင်းရဲ့ အမြင်ကိုလည်း မေးကြည့်ပါ။ အရောင်နှစ်ခု၊ သုံးခုလောက် ယှဉ်ပြပြီး ဘယ်လိုမြင်လည်း မေးပါ။ အရောင်တစ်ရောင်ကို မြင်တဲ့ ကိုယ့်အမြင်နဲ့ သူ့အမြင် မတူညီနိုင်ပါဘူး။ အေးမြတဲ့ မီးခိုးရောင် သုံးသင့်လား။ နွေးထွေးတဲ့ မီးခိုးရောင် သုံးသင့်လား ဆိုတာ သူပြောပြပါလိမ့်မယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင် ကွဲပြားနေတယ် ဆိုရင် ဘာလို့ ဒီအရောင်ကို ရွေးချယ်ရတယ် ဆိုတဲ့ အကြောင်းရင်းကို မေးပါ။ ဒီအကျင့်က ကိုယ်လိုချင်တဲ့ ခံစားချက်နဲ့ ဦးတည်ချက်လွဲပြီး အရောင်ရွေးချယ်မှု မမှားရအောင် ကူညီပေးနိုင်ပါတယ်။ မီးခိုးရင့်ရောင်၊ အေးမြတဲ့မီးခိုးရောင်၊ နွေးထွေးတဲ့မီးခိုးရောင် အစရှိတဲ့ အရောင်တွေကနေ စတင် ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပိုပြီး နွေးထွေးတဲ့ အရောင်အသွေးနဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်ပစöည်းတွေ ရှိနေပြီးသား ဆိုရင် လိုက်ဖက်ညီဖို့ အတွက် ပိုပြီးနွေးထွေးမှု ရှိတဲ့ အရောင်အသွေး ကိုသာ ရွေးချယ်သင့်ပါတယ်။

စိတ်ကူးဉာဏ်ကွန့်မြူးပါ

          ကွန်ပျူတာနဲ့ ဖုန်းထဲမှာ မြင်ရတဲ့ အရောင်က အခန်းထဲမှာ မြင်ရတဲ့အရောင်နဲ့ မတူညီနိုင်ပါဘူး။ အလင်းရောင်ပမာဏ၊ အခန်းကို ဖြတ်သန်း ဝင်ရောက်လာတဲ့ အလင်းရဲ့ ဖြန့်ကျက်မှုတွေ ကြောင့် ကွဲပြားခြားနား သွားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အရောင်နဲ့ စတိုင်လ်ရွေးချယ်မှု အတွက် ဒစ်ဂျစ်တယ် ဓာတ်ပုံတွေကို အသုံးပြုပါ။ အလင်း အမှောင်နဲ့ တန်ဖိုးအာနိသင်တွေကို စိတ်ကူးဉာဏ် ကွန့်မြူးကြည့်ပါ။ တကယ် ဆေးသုတ်မယ့် အခန်းနဲ့ ပုံစံတူ နမူနာ အခန်းငယ်လေးမှာ အရင် ဆေးသုတ်ကြည့်ပါ။ အကျိုးသက်ရောက်မှုက အတူတူပဲ။

            ဒီအချက်က အရေးကြီးပါတယ်။ အွန်လိုင်းမှာ အရောင်တစ်ရောင်ကို သဘောကျသွားပြီ ဆိုရင် မဝယ်ခင်မှာ နမူနာကို အိမ်ယူ လာကြည့်ပါ။ iPad ၊ဖုန်း၊ ကွန်ပျူတာထဲမှာ တွေ့ရတာနဲ့ အနည်းငယ်ကွဲ ပြားနေပါလိမ့်မယ်။ နမူနာပြားက အရောင်နဲ့ တကယ်ဆေးသုတ်လိုက်လို့ ပေါ်လာတဲ့ အရောင်က တစ်ထပ်တည်း ကျနေမှာမဟုတ်ပါဘူး။ အနီးစပ်ဆုံး တူညီတာလောက်ပဲ ရှိပါလိမ့်မယ်။

အရောင်လေးရောင်ထက်ပိုမရွေးပါနဲ့

          နောက်ဆုံးတော့ နံရံသုတ်ဆေး အရောင်းဆိုင်ကို သွားဖို့ အချိန်ရောက်ပါပြီ။ ဆိုင်ရောက်တုန်း မီးချောင်းအလင်းရောင် အောက်မှာ အရောင်ကွဲနမူနာတွေ အများကြီးရွေးပြီး အိမ်ယူလာခဲ့ပါ။ အရောင်တွေကို ပြန်စစ်ထုတ်ဖို့ အချိန်ကျပါပြီ။ အပြာရောင် ခုနှစ်မျိုးကို အိမ်ယူလာခဲ့တယ် ဆိုပါစို့။ နမူနာပြားတွေ အားလုံးချထားပြီး နှိုင်းယှဉ်ကြည့်ပါ။ တစ်ရောင်နဲ့ တစ်ရောင်ကြား အနည်းငယ် ကွဲပြားမှုရှိနေတာကို သတိပြုမိ လာပါလိမ့်မယ်။ တချို့ အပြာရောင်တွေက အစိမ်းရောင်၊ စိမ်းပြာရောင်ဘက်ကို ရောက်ပါတယ်။ တချို့က ဂျင်းပြာရောင်ပါ။ တချို့ကတော့ ကိုယ်လုံးဝမကြိုက်တဲ့ တောက်ပတဲ့ အရောင်မျိုး ဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးလေးရောင် လောက်ပဲကျန်တဲ့အထိ မကြိုက်တဲ့ အရောင်တွေကို ဖယ်ထုတ်ပစ်ပါ။ အရောင်ကွဲလေးမျိုးလောက် ကျန်ပါစေ။ ဆေးသုတ်မယ့် နံရံမှာ အရောင်ပြားလေး တွေကို ကပ်ကြည့်ပါ။ ဒါမှမဟုတ်လည်း စကúူတစ်ခုပေါ် တင်ကြည့်ပါ။ နံရံပေါ်မှာဖြစ်ဖြစ်၊ စကúူပေါ်မှာဖြစ်ဖြစ် နှိုင်းယှဉ် ကြည့်လိုက်တဲ့ အခါ အရောင်ဖျော့တဲ့ နောက်ခံကြောင့် ဆေးရောင်နမူနာပြားလေး တွေက ပိုပြီးအရောင်ရင့် လာတတ်သလို ပိုပြီးလည်း အရောင်ဖျော့သွား တတ်ပါတယ်။ ဒီလို နှိုင်းယှဉ်ပြီးရင်တော့ ဘယ်အရောင်နဲ့ လိုက်ဖက်မယ်ဆိုတာ ရွေးချယ်နိုင် သွားပါပြီ။ ဒါတောင်မှ လုံးဝစိတ်တိုင်းမကျဘူး ဖြစ်နေသေးတယ်ဆိုရင် အရောင်ပြား တစ်ခုချင်းစီကို တစ်ခုချင်း ပြန်ကြည့်ပါ။ လွယ်သလို ထင်ရပေမယ့် တကယ်တမ်းမှာ အရမ်းမေ့လွယ်ပါတယ်။ ဆိုလိုချင်တာက အရောင်တွေကို ချင့်ချိန် စဉ်းစားရွေးချယ်တဲ့အခါ တစ်ရောင်ချင်းစီက ကိုယ့်အခန်းထဲက ပစöည်းတွေနဲ့ ဘယ်လို လိုက်ဖက်ညီတယ် ဆိုတဲ့အချက်ကို မှတ်ထားပါ။

နံရံမှာစမ်းသုတ်ပါ

          နောက်ဆုံး လေးရောင်ကို ရွေးချယ်ပြီးပြီဆိုရင် စမ်းသပ်ဖို့အချိန် ရောက်ပါပြီ။ နမူနာအပြားတွေကို နံရံမှာ ကပ်ကြည့်တာထက် တကယ်သုတ်ကြည့်တာ ပိုကောင်းပါတယ်။ ဒါက ပိုပြီး ထိရောက်မှု ရှိပါတယ်။ နံရံရဲ့တစ်စတုရန်းပေ နေရာလေးနေရာမှာ ဆေးအရောင်လေးမျိုးကို သုတ်ကြည့်ပါ။ အောက်ခံ အရောင်ပေါ်မှာ ပေါ်လာတဲ့ အရောင်ချင်း ကွာသွားပါလိမ့်မယ်။ သုံးစတုရန်းပေနေရာ အရွယ်အစား လောက်ဆိုရင် ပိုသိသာ သွားပါလိမ့်မယ်။ အရောင်တွေကို ရွေးထုတ်ရဦးမှာ ဖြစ်လို့ အရောင် နမူနာပြားတွေကိုလည်း နံရံပေါ်မှာ ထားဖို့ လိုအပ်ပါသေးတယ်။ အဲဒါမှ မျက်စိထဲ မပေါ်သေးဘူး ဆိုရင်တော့ တစ်ခုနဲ့တစ်ခု နည်းနည်းခွဲထားပေးပါ။ ဆေးအရောင် နမူနာပြားကို ဝယ်ယူတဲ့အခါ နောက်ဆုံး အဆင့်ထိ အရောင်တင်ထားတဲ့ အပြားကို ဝယ်ယူဖို့ အရေးကြီး ပါတယ်။ ဆိုင်အများစုက ရောင်းတဲ့ ဆေးရောင် နမူနာပြားတွေက နောက်ဆုံး အဆင့်ထိ အရောင်တင် မထားပါဘူး။ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်ဖို့၊ အရည်အသွေး ကောင်းမွန်တဲ့ နမူနာပြားကို ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တစ်နေ့တာရဲ့ အချိန်အမျိုးမျိုးမှာ နမူနာပြားတွေကို သတိထား ကြည့်ပါ။ အရောင်တွေ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာ အလင်းရောင် အမျိုးမျိုးမှာ ထားကြည့်ပါ။ ရက်အနည်းငယ်လောက် ဒီအရောင်တွေနဲ့ နေကြည့်ပါ။ နောက်ဆုံးအဆင့် တစ်ခုတည်းကို ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ ဆေးသုတ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။

How To Read 766 times