ကမ်းနားလမ်းအဆင့်မြှင့်တင်မှု စီမံကိန်း


06 December, 2020

ကရင်ပြည်နယ်ဘားအံ့မြို့ကမ်းနားလမ်းအဆင့်မြှင့်တင်မှုစီမံကိန်းတွင် ရေပေါ်ညဈေးအပါအဝင် ဇုန်နှစ်ခုသတ်မှတ်ချိန်ထက်စေ၍ ပြီးစီးမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ကိုင်ခွင့်ရ UHM  Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားသည်။

    ကမ်းနားလမ်းအဆင့်မြှင့်တင်တင်မှုစီမံကိန်းကို ၂ဝ၁၇ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ရာယခုအခါ စီမံကိန်း၏ ၅ဝ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် သတ်မှတ်ချက်ထက်စော၍ ပြီးစီးနိုင်ရန် ယခင်စီမံကိန်းအတွက်သတ်မှတ်ထားသော ကျပ် ၄.၂ ဘီလျံအစား ကျပ် ၅ဘီလျံခွဲခန့်အထိတိုးမြှင့်သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

    ဇုန်လေးဇုန်ကို အပိုင်းလိုက်ဖြန့်လုပ်နေတယ်။မူလမှန်းထားသည့် ၂နှစ်ခွဲတွင် ယခုတစ်နှစ်ပြည့်သွားပြီး ဒီအတွင်းလမ်းချဲ့တာ၊အပင်စိုက်တာ၊မြေထိန်းနံရံနှင့်လမ်းမီးတိုင် အပါအဝင် ၅ဝ% ကျော် ပြီးစီးနေပြီ။

    ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင်ဇုန်အားလုံး ပြန်အပ်နိုင်မှာပါ။စီမံကိန်းတွင်ပါသော ရေပေါ်ညဈေးနှင့် အားကစားကွင်းကတော့ ဧပြီလလောက်တွင်ပြီးမည်။ယခုစီမံကိန်းအားလုံးအတွက် ကျပ် ၃ ဘီလျံသုံးပြီသွားပြီ ဖြစ်ကြောင်းသိရသည်။

    အဆိုပါစီမံကိန်းသည် ကမ်းနားလမ်းတစ်လျှောက် ပေ ၆ဝဝဝ ရှည်လျားပြီး ရုံးအဆောက်အအုံ၊ရေပေါ်ဈေး၊အားကစားကွင်းသုံးကွင်း၊ပန်းခြံ၊စားသောက်ဆိုင်ခန်းများ၊အများပြည်သူသုံး လူ ၆ဝဝ ကျော်ဆံ့ ခန်းမဆောင်တစ်ခုနှင့် ဟိုတယ်တစ်ခုတို့ စီမံကိန်းတွင်ပါဝင်ကြောင်း သိရသည်။

    စီမံကိန်းပြီးသွားလျှင် ခရီးသွားများ အတွက် အပန်းဖြေစရာနေရာတစ်ခု တိုးလာမှာပါ။ပြီးတော့ အနီးနားတစ်ဝိုက်က ဒေသခံများနှင့် အိမ်ရာများအတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုရှိ လာမှာပါ။အများပြည်သူသွားလာမှု အဆင်ပြေ စေရန်ယခုလုပ်နေသည့် ခရေလမ်းနှင့် ပိတောက်လမ်းကြားစီမံကိန်း အပိုင်း ၁ ကို လာမည့် တန်ဆောင်တိုင်ပွဲတော်ကာလတွင် စတင်ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Local Infrastructure and Zones Read 76 times