ချင်းပြည်နယ်ရှိ ဖလမ်းလေဆိပ်ကို ဘယ်ချိန်မှာ စတင်ဖွင့်လှစ်မလဲ
ချင်းပြည်နယ်ဖလမ်းမြို့မှာ ပထမဆုံးဖွင့်လှစ်မဲ့ Surbung လေဆိပ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင်ဖွင့်လှစ်မည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်ကပြောသည်။
လေဆိပ်ဆောက်လုပ်ရေးအတွက် ၃၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး မူလအစီအစဉ်အရ ၂၀၁၆-၂၀၁၇ ခုနှစ်တွင်လုပ်ငန်းစတင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မယ်လို့လျာထားခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်တို့က လေဆိပ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ဖို့အတွက် ပြောကြားခဲ့သည်။
လက်ရှိ budget မှာတစ်နှစ်လျှင် ကျပ် ၅ ဘီလီယံရှိသော်လည်း သတ်မှတ်ချိန်အတွင်းမှာ စီမံကိန်းပြီးစီးဖို့အတွက် ရန်ပုံငွေတွေများစွာလိုအပ်နေကြောင်းပြောကြားခဲ့သည်။စီမံကိန်းပြီးစီးဖို့အတွက် ကျပ် ၁၀ ဘီလီယံလောက်ထပ်မံလိုအပ်နေကြောင်း ဦးရဲထွဋ်အောင်ကပြောကြားခဲ့သည်။
လေယာဉ်ပြေးလမ်းတည်ဆောက်ခြင်းလုပ်ငန်း၊ လေဆိပ်မှာစစ်ဆေးတဲ့ဂိတ်များနှင့် လေယာဉ်ဝန်ဆောင်မှုများ အတွက်နေရာချပြီးဖြစ်ပါတယ်။
ထို့နောက် လေယာဉ်ပျံသန်းတဲ့စနစ်၊ လေယာဉ်ပြေးလမ်းတစ်လျှောက်မီးလင်းမဲ့ ပစ္စည်းကိရိယာများအတွက် နောက်ထပ် budget လိုအပ်လိမ့်မည်ဟု ၎င်းက ပြောသည်။ ဖလန်းလေဆိပ်ကို မြေဧက ၁,၂၈၉ ဧကပေါ်တွင် တည်ဆောက်မှာဖြစ်ပြီး လေယာဉ်ပြေးလမ်းမှာ ၂,၀၀၀ မီတာ အကျယ်အဝန်းလောက်ဖြစ်မယ်လို့ ခန့်မှန်းထားပါသည်။ ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိပြီး ၎င်းမြို့နယ်အတွင်း နေထိုင်ကြတဲ့သူတွေအတွက် မုတ်သုံရာသီမှာ ယုံကြည်စိတ်ချရတဲ့ သယ်ယူပို့ဆောင်မှုမရှိတဲ့ အတွက် ကြောင့် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ သွားလာရန် ခက်ခဲပါသည်။ ဥပမာ မြေပြိုခြင်းများနှင့် ရေကြီးခြင်းများကြောင့် ဖြစ်သည့်အချိန်တွင် ပိုခက်ခဲပါတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာဆို သူတို့ပို့ဆောင်ဆက်သွယ်ရေးအတွက် စစ်ကိုင်းတိုင်း ကလေးလေဆိပ်ကို အသုံးပြုရပါတယ်။ "ဒါ့ကြောင့် ချင်းပြည်နယ်အတွက် ဖလမ်းလေဆိပ်ကို အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ ဦးရဲထွဋ်အောင်ကပြောသည်။
လေဆိပ်တည်ဆောက်ပြီးစီးသွားပါက ချင်းပြည်နယ်မှာ အကျော်ကြားဆုံးဖြစ်သော အသဲပုံစံရှိတဲ့ ရိဗ် ရေကန်နှင့် နတ်မတေညက် အမျိုးသားပန်းခြံတိုတွင် နိုင်ငံခြားသားခရီးသွားလူမျိုးများ အလည်လာခြင်း မြင့်တက်လာမှာဖြစ်ပါတယ်။
ချင်းလူမျိုးအများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး အနောက်နိုင်ငံများမှ ခရီးသွားအများဆုံးလာရောက်နိုင်တယ်လို့ မျှော်မှန်းထားပါသည်။
လေဆိပ်တည်ဆောက်ပြီးပါက ချင်းပြည်နယ်မှ နေပြည်တော်၊ ရန်ကုန်သို့ နာရီအနည်းငယ်အတွင်းရောက်ရှိမည် ဖြစ်သည်။ ပြည်နယ်အစိုးရနှင့် သက်ဆိုင်သော Tiddim, Tonzang, Falam နှင့် Hakha မြို့နယ်တွေမှာ လေဆိပ်ငယ်များ ဖွင့်ဖို့ အစီအစဉ်ပြုလုပ်ထားသည်။ ထို့ပြင် Matupi မြို့နယ်မှာ လေယာဉ်ပြေးလမ်း ၁,၀၀၀ အထောက်အပံ့နဲ့ မတ်လ ၆ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဟုပြောထားပါသည်။