ကချင်ပြည်နယ် မြစ်ကြီးနား ကန်ပိုက်တီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်ဖို့ ပြည်နယ်အစိုးရက တင်ပြလာတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကပြောပါတယ်။
ဒီလို တင်ပြလာပေမယ့် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ကြီးမားတာကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနကတိုက်ရိုက် ခွင့်ပြုပေးလို့မရဘူးလို့ ဆိုပါတယ်။
ဒါဟာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံတော် အစိုးရရဲ့ မဟာဗျူဟာအချက်အခြာကျတဲ့ လုပ်ငန်းမျိုးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရထံ တင်ပြဖို့ အကြံပြုထားတယ်လု့ိ သိရပါတယ်။
ဒါ့ကြောင့် ပြည်နယ်အစိုးရကနေတစ်ဆင့် ရှေ့နေချုပ်ရုံး အဲ့ဒီကနေမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို တင်ပြထားတယ်လို့ သိရပါတယ်။
ဒီစက်မှုဇုန်သစ်ကို တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ မည်သည့်အဆောက်အဦး၊ လုပ်ငန်းတွေပါဝင်မယ်ဆိုတာတော့ မသိသေးဘူးလို့ ဦးသန့်စင်လွင်ကပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဇွန်လကုန်အထိ ကိုးခုသာရှိနေတာပါ။ ဒီလုပ်ငန်းတွေထဲမှာ လျှပ်စစ်ကဏ္ဍနဲ့ စက်မှုကဏ္ဍက အများဆုံးဖြစ်ပြီး ရေနံနဲ့လယ်ယာကဏ္ဍမှာတော့ တစ်ခုဆီ ရှိနေတာပါ။