ကမာရွတ်မြို့နယ်တွင်ရှိသော ယင်းအဆောက်အအုံကို အမှတ်(၇၉)၊ ရတနာလမ်း၊ (၁) ရပ်ကွက်တွင် Royal Amm Construction and decoration Group(တော်ဝင်အောင်မြန်မာဆောက်လုပ်ရေး) မှတာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။
ထိုအဆောက်အအုံကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောက်လုပ်နေပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြေအကျယ်အဝန်းမှာ 25’ x 50’ ကျယ်ဝန်းပါသည်။
အထပ်ပေါင်း ၆ ထပ်ပါရှိပြီး တစ်လွှာတွင် နှစ်ခန်းပါရှိပါသည်။
အခန်းအကျယ်အဝန်းမှာ တစ်ခန်းလျှင် 12.5’ x 47’ ကျယ်ဝန်းပါသည်။
၂ လွှာတွင်ရှိသော အခန်းဈေးနှုန်းမှာ တစ်ခန်းလျှင် ကျပ်သိန်း ၄၂၀ ကျပ်ဖြစ်ပြီး ၄ လွှာရှိအခန်းတန်ဖိုးမှာ ကျပ်သိန်း ၃၆၀ နှင့် ၆ လွှာ ရှိအခန်းဈေးနှုန်းမှာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိကြောင်း သိရသည်။
Facilities အနေဖြင့် ကိုယ်ပိုင်မော်တာ၊ ကိုယ်ပိုင်မီတာ၊ အိမ်သာရေချိုးခန်း(ကြွေပြားခင်း/ကပ်) နံရံ(5”) အမြင့်၊ မီးဖိုခန်း(ကြွေပြားခင်း/ကပ်) နံရံ(5”) အမြင့်၊ စတီးဘေစင်၊ မီးဖိုခုံ၊ အိမ်ရှေ့ဝရန်တာ ကြွေပြားခင်း၊ အိမ်သာရေချိုးခန်း ကျွန်းကျီးဘောင်/ကျွန်းတံခါး၊ (၇၅ )ဂါလံဘိုင်ဘာရေတိုင်ကီနှင့် ရေမီးအပြည့်အစုံပါရှိပါသည်။