ဦးဝိစာရလမ်းတွင်ရှိသော ယင်းအဆောက်အအုံကို အမှတ် (828)၊ ဦးဝိစာရလမ်း၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် Royal Amm Construction and Decoration Group Co.ltd (တော်ဝင်အောင်မြန်မာဆောက်လုပ်ရေး) မှ တာဝန်ယူဆောက်လုပ်နေကြောင်းသိရသည်။
ထိုအဆောက်အအုံကို ၂၀၁၈ ခုနှစ် ၊ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဖြစ်သည်။
မြေအကျယ်အဝန်းမှာ 40’x 60’ ရှိပြီး အဆောက်အအုံအကျယ်အဝန်းမှာ 38’x 53’ရှိကြောင်းသိရသည်။
ယင်းအဆောက်အအုံတွင် ရင်ကွဲအလွှာပေါင်း ၆ လွှာပါရှိပြီး တစ်လွှာတွင် နှစ်ခန်းပါရှိသည်။.
အခန်းအကျယ်အဝန်းမှာ 17’ x 53’ ရှိပြီးအခန်းဈေးနှုန်းမှာ ၆ လွှာတစ်ခန်းလျှင် ကျပ်သိန်း ၃၅၀ ကျသင့်မည်ဖြစ်သည်။
Facilities အနေဖြင့် ကိုယ်ပိုင်မော်တာ၊ ကိုယ်ပိုင်မီတာ၊ အိမ်သာရေချိုးခန်း(ကြွေပြားခင်း/ကပ်) နံရံ 5’ အမြင့်၊ မီးဖိုခန်း(ကြွေပြားခင်း/ကပ်) နံရံ 5’ အမြင့်၊ စတီးဘေစင်၊ မီးဖိုခုံ၊ အိမ်ရှေ့ဝရန်တာကြွေပြားခင်း၊ ၊ အိမ်သာရေချိုးခန်း ကျွန်းကျီးဘောင်/ကျွန်းတံခါး၊ ( ၇၅) ဂါလံဘိုင်ဘာရေတိုင်ကီနှင့် ရေမီး၊ ဆေးအပြည့်အစုံပါရှိကြောင်းသိရသည်။