ဥယျာဉ်မှူးများနှင့် စိုက်ပျိုးသူများ အသုံးများသော မြေဆီလွှာ အမျိုးအစား ၅ မျိုး ရှိသည်။ ၎င်းတို့အား သဲ၊ နုန်း နှင့် ရွံ့တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပေါင်းစပ်ပုံပေါ်မူတည်၍ မြေဆီလွှာတို့၏ အထိအတွေ့၊ ရေထိန်းနိုင်စွမ်း နှင့် စီမံခန့်ခွဲပုံတို့ ကွဲပြားသည်။
၁။ သဲမြေ
သဲမြေတွင် ပါဝင်သော အမှုန်အရွယ်စားမှာ အကြီးဆုံးဖြစ်သည်။ ၎င်းအမှုန်များကြားတွင် နေရာလပ်များ ရှိနေခြင်းကြောင့် ရေဓါတ်ကိုလည်း မထိန်းနိုင်ပေ။ ထို့ကြောင့် ဤမြေသည် ခြောက်သွေ့ပြီး အထိတွေ့မှာ ကြမ်းရှရှဖြစ်သည်။ ရေသည် လျင်မြန်စွာဖြင့် အမြစ်တို့ကို ဖြတ်လျက် အောက်သို့ စီးဆင်းသွားခြင်းကြောင့် အပင်သည် သဲမြေမှ လိုအပ်သော အာဟာရများကို မရနိုင်ပါ။
သဲမြေ၏ ကောင်းကျိုးမှာ နွေဦးတွင် အခြား မြေဆီလွှာကဲ့သို့ မဟုတ်ဘဲ လျင်မြန်စွာ ပြန်နွေးလာသည်။ မြေဆီလွှာအမျိုးအစားကို စမ်းသပ်ရန် မြေကြီးအား ရှေးဦးစွာ စိုစွတ်အောင် ပြုလုပ်ပြီး ၎င်းအား အလုံးလုံးရမည်။ သဲမြေဖြစ်ပါက အလုံးလုံးသောအခါ အလုံးဖြစ်မည်မဟုတ်ဘဲ သင့်လက်ချောင်းကြားများမှ ကျသွားပြီး သင့်လက်တွင် ဘာမျှကျန်မည် မဟုတ်ပါ။
၂။ ရွံ့မြေ
ရွံ့မြေ၏ အမှုန်အရွယ်အစားမှာ သဲမြေထက် သေးပြီး အထိတွေ့မှာ ချောမွေ့သည်။ ထိုမြေ စိုစွတ်ပါက ဆပ်ပြာကဲ့သို့ ချောကျိကျိဖြစ်ပြီး ၎င်းအား အလုံးလုံးပါက သင့်လက် ပေကျန်သွားပေလိမ့်မည်။ ဤမြေ၏ ရေထိန်းနိုင်စွမ်းမှာ ကောင်းသော်လည်း အာဟာရဓါတ်များအား အများကြီးထိန်းမထားနိုင်ပေ။
ရေထိန်းနိုင်စွမ်းမြင့်ပြီး ရေကို ချုပ်ထားသောကြောင့် ရွှံ့မြေသည် အေးပြီး ရေစီးဆင်းနိုင်မှု ညံ့ဖျင်းသည်။ ရွံ့မြေသည် သိပ်သည်းရန် လွယ်သဖြင့် လေဝင်လေပေါက် ပျောက်နိုင်သောကြောင့် မဖိသိပ်မိစေရန် သတိထားသင့်သည်။
၃။ မြေစေး
မြေစေး၏ အမှုန်အရွယ်အစားမှာ အသေးဆုံးဖြစ်သောကြောင့် ရေထိန်းနိုင်စွမ်း ကောင်းမွန်သည်။ ခြောက်သွေ့ချိန်တွင် အထိတွေ့ ချောမွေ့ပြီး စိုစွတ်ချိန်တွင် အထိတွေ့မှာ ကပ်စီးကပ်စီးဖြစ်သည်။ ထို့ကြောင့် လေအနည်းငယ်သာ ဝင်နိုင်ပြီး ရေစီးဆင်းရန် ခက်ခဲသောကြောင့် အပင်အတွက် အာဟာရများကို ထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်သည်။
မြေစေးသည် အေးပြီး နွေဦးတွင် ပြန်နွေးလာရန် အချိန်ယူရပြီး မြေစေးများ ခြောက်သွားပါက မာပြီး သိပ်သည်းသွားသဖြင့် စိုက်ပျိုးရန် ခက်ခဲသည်။ စိုစွတ်နေချိန်တွင် ကပ်စီးကပ်စီး ရှိပြီး လုံးလိုက်ပါက ဘော်လုံးကဲ့သို့ ဖြစ်မည်မှာ ဧကန်ပင်ဖြစ်သည်။
၄။ မြေဆွေး
မြေဆွေးတွင် ရေဓါတ် နှင့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု မြင့်သောကြောင့် အညှိရောင် (သို့) အမဲရောင် ရှိပြီး နူးညံ့ပျော့ပျောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်း ကိုးထောင်ကျော်လောက်က ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် အပင်အများအပြား သေဆုံးကာ ရေအောက်တွင် ဆွေးမြေ့ခြင်းဖြစ်စဉ် နှေးကွေးသဖြင့် အော်ဂဲနစ် ပစ္စည်းများ စုပုံသွားခြင်းကြောင့် မြေဆွေးတွင် အော်ဂဲနစ်ပစ္စည်း ပါဝင်မှု မြင့်မားသည်။
ထို့ကြောင့် ဤမြေသည် အပင်စိုက်ပျိုးရန် သင့်တော်သည်။ နွေရာသီတွင် မြေဆွေးသည် ရေကို သိုလှောင်နိုင်စွမ်းရှိရုံတင်မက စိုစွတ်သော အချိန်တွင် အမြစ်များ မပျက်စီးအောင်ပင် ကာကွယ်ပေးသည်။ မြေဆွေးတွင် အက်စစ်ဓါတ်ပါဝင်သောကြောင့် စိုက်ပျိုးသူအချို့သည် ၎င်းအား မြေဆီလွှာ၏ pH Level ထိန်းညှိရန် အသုံးပြုလေ့ရှိသည်။ မြေဆွေးအစိုကို လုံးပါက ရမည်မဟုတ်ပေ။ ၎င်းမှာ ပင်လယ်ရေမော်နှင့် တူပြီး ညစ်ပါက ရေများ ထွက်လာမည်ဖြစ်သည်။
၅။ စားကျက်မြေ
အလွန်ခြောက်သွေ့သော ဒေသရှိ မြေကြီးမှာ ဆားပါဝင်မှုကြောင့် များသောအားဖြင့် အမဲရောင်ဖြစ်သည်။ စားကျက်မြေသည် အပင် ကြီးထွားမှု၊ အညှောက်ပေါက်မှု နှင့် ဆည်မြောင်းတူး၍ ရေလောင်းခြင်းကိုပါ အဟန့်အတားဖြစ်စေသည်။
ရိုင်ဇိုစဖီးယား ခေါ် အလွှာ၌ ပျော်ဝင်ဆားရှိနေခြင်းကြောင့် စကျက်မြေတွင် ဆားဓါတ် ပါဝင်နေရခြင်း ဖြစ်သည်။ စားကျက်မြေကို စမ်းသပ်ရန်မှာ လွယ်ကူပေသည်။ မြေဆီလွှာ၏ မျက်နှာပြင်တွင် အဖြူရောင်အလွှာပါး ရှိနေပြီး အပင်ငယ်များ၏ အရွက်ထိပ်များ လောင်နေမည်မှာ မုချပင်ဖြစ်သည်။
နုန်းမြေ
ဥယျာဉ်မှူးများ ကြိုက်ကြသော မြေဆီလွှာ အမျိုးအစားမှာ နုန်းမြေဖြစ်သည်။ ၎င်းတွင် သဲ၊ နုန်းနှင့် ရွံ့မြေတို့ အညီအမျှ ပါဝင်သည့်အမျှ မြေဆွေးတို့ပင် ပါဝင်သည်။ ထိုမြေသည် အမဲရောင်ဖြစ်ပြီး ချောမွေ့သည်။ ထိုမြေသည် ရေထိန်းနိုင်စွမ်းမြင့်ပြီး ရေစီးဆင်းမှု နှင့် လေဝင်လေထွက်ပါ ကောင်းသည်။ အထိတွေ့မှာ အနည်းငယ်ကြမ်းပြီး ကပ်စီးသော ဘောလုံး ဖြစ်နိုင်သော်လည်း ထို ဘောလုံးမှာ ပျက်ဆီးလွယ်သည်။
မြေဆီလွှာ အမျိုးအစားကို သိလိုပါက မြေဆီလွှာနမူနာကို ပုလင်းတစ်ခုတွင် ထည့်၍ လှုပ်ခါပြီး ညသိပ်ထားပါ။ နောက်တနေ့တွင် မြေဆီလွှာများ အလွှာလိုက်ဖြစ်နေပါလိမ့်မည်။ သဲမြေသည် အောက်ဆုံး၊ မြေစေးသည် အပေါ်ဆုံး၊ နှင့် ရွံ့မြေသည် အပေါ်ဆုံးတွင် တွေ့ရပါလိမ့်မည်။ မိတ်ဆွေ၏ မြေဆီလွှာတွင် မည်သည့်မြေအမျိုးအစား မည်မျှ ပါဝင်မည်ကို မြင်တွေ့ရပေလိမ့်မည်။