ကျောင်းပညာရေးစနစ် ကတော့ သင့် ကို ကုမ္ပဏီတစ်ခု ဘယ်လို တည်ထောင်ရမလဲဆိုတာ မသင်ပေးလိုက်တာ သေချာလောက်ပါတယ်။
ကောလိပ်တက်စဉ်ကလည်း စွန့်ဦးတီ ထွင်လုပ်ငန်းရှင် မေဂျာရယ်လို့ မကြားမိခဲ့ပါဘူး။ တကယ်ပြောချင်တာက ကျောင်းတွေမှာ ဘဝမှာ တွေ့ကြုံလာရမယ့် အခြေအနေအရပ်ရပ်တိုင်းအတွင်း မသင်ကြားပေးလိုက်ဘူးဆိုတာပါပဲ။
ဘဝမှာ တွေ့ ကြုံရမယ့်အဖြစ်အပျက်တွေအတွက် သင် ရိုးညွှန်းတမ်းမရှိပါဘူး။ ဘဝအတွေ့အကြုံအတွက် သင်တန်းတွေတက်လို့မရပါဘူး။
ကျောင်းသင်ခန်းစာတွေကနေလည်း သင်ယူလို့မရပါဘူး။ ကျောင်းသင်ခန်းစာတွေက ဘဝမှာ ရှင်သန်ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုပဲ သင်ကြားပေးတာပါ။
ဘဝမှာ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ ဖြေရှင်းနည်းတွေကို မသင်ပေးလိုက်ပါဘူး။ ဘဝအတွေ့အကြုံ ဆိုတာမျိုးက တစ်ဦးတစ်ယောက်က သင် ပေးလို့မရပါဘူး။ ကိုယ်တိုင်သင်ယူရတာပါ။
ကျောင်းမပြီးခဲ့ ပေမဲ့လည်း အခုလက်ရှိမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်း ရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်နေပါပြီ။
အတွေ့အကြုံ တွေကို အခြားသူတွေ သိရှိနိုင်ဖို့ ပြောပြပေးလိုက်ပါတယ်။
၁။ အမြဲအချိန်တိကျပါစေ။
ဘဝမှာအောင်မြင်ချင်ရင် အမြဲအချိန် တိကျပါစေ။ အချိန်တိကျတာက တတ် ကျွမ်းနားလည်မှုရဲ့တစ်စိတ်တစ်ပိုင်းပါ။
အချိန်တိကျတာကို ကိုယ့်ရဲ့ပုံမှန်လုပ်နေကျ အလေ့အထတစ်ခုလို ဖြစ်အောင် လုပ်ယူပါ။
အချိန်တိကျတာက ကိုယ်က အရည် အချင်းရှိသူတစ်ယောက်ဆိုတာကို စီးပွားဖက်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
လူတွေရဲ့ ယုံ ကြည်မှုကိုလည်း ရစေမှာပါ။
၂။ အပြုသဘောဆောင်ပါ။ ပြုံးပါ။
ဘယ်သူက ပျော်ပျော်မနေတတ်တဲ့ သူကို သူတို့ပတ်ဝန်းကျင်မှာ ရှိစေချင်မှာလဲ။
လူတိုင်းလိုလိုက သူတို့ပတ်ဝန်းကျင် မှာ အပြုသဘောဆောင်တဲ့သူမျိုးကိုပဲ ရှိ စေချင်မှာပါ။
အဆိုးမြင်တဲ့သူကို မရှိစေချင်လောက်ပါဘူး။မျက်နှာမှာ အပြုံးကို အမြဲ ဆင်မြန်း ထားပေးပါ။
အပြုသဘောဆောင်တဲ့အတွေးနဲ့ အပြုံးမျက်နှာက လုပ်ငန်းတွေကို အောင်မြင်စေနိုင်တဲ့ အရေးပါတဲ့အချက်တစ်ချက်ပါ။
၃။ ဖုန်းခေါ်ဆိုမှုတိုင်းကို ၂၄ နာရီအတွင်း ပန်ဖြေကြားပေးပါ။
Customers ရဲ့ဖုန်းနဲ့ပြောဆို အကြံပေးမှုတွေ၊ အဆင်မပြေတာတွေကို ပြောကြားတာမျိုးတွေကို သုံးရက်တိတိ ပြန်မဖြေပေးဖြစ်တာမျိုးတွေ ရှိခဲ့ပါတယ်။
နောက်တော့ လူတိုင်းလိုလိုမှာ သူတို့နဲ့သက်ဆိုင်တဲ့လုပ်စရာတွေ ရှိနေတယ်ဆိုတာကို နားလည်လာပါတယ်။
အမြဲလည်းပြော ဖြစ်တာက ဘယ်သူမှ သူတို့ပြောစကား လေထဲပျောက်သွားတာမျိုးကို မလိုချင်လောက်ပါဘူး။ သူတို့အလုပ်ကို လုပ်ချင် တယ်ဆိုရင် ကော
င်းကောင်းမွန်မွန် ပြန်ပြီး တုံ့ပြန်ပေးရပါမယ်။ ကိုယ့်ဆီကို ဖုန်းဆက်လာတဲ့သူတိုင်းကို ဘာကိစ္စပဲဖြစ်ဖြစ် ၂၄ နာရီအတွင်း ဖုန်းပြန်ဆက်ခိုင်းခဲ့ပါ တယ်။
၄။ ကိုယ့်ကို လမ်းညွှန်ပေးနိုင်မယ့်သူကို ရှာဖွေပါ။
ကိုယ့်ကို လမ်းညွှန်ပေးနိုင်တဲ့သူတွေက ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ဆရာ တွေပါပဲ။
တစ်ခါတလေမှာ အရင်းနှီးဆုံး သူငယ်ချင်းကလည်း ကိုယ့်ကို လမ်းညွှန်ပေးနိုင်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။
ကိုယ်အခက်အခဲတွေ့တဲ့အချိန်မှာ ကိုယ့် ကို့ကူညီပေးနိုင်တဲ့သူမျိုးပါ။ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းပေးနိုင်တဲ့သူတွေပါ။
သူတို့က အသိဉာဏ်ပညာနဲ့ ပြည့်စုံ တတ်ကြသလို စိတ်လည်းရှည်ကြပြီး သူ တစ်ပါးကို သည်ကြားပြသပေးဖို့လည်း ဆန္ဒရှိတတ်ကြပါတယ်။
သူတစ်ပါးပြောတာကို အေးအေးဆေးဆေးနားထောင် ပေးတတ်ပြီး သင်ယူတတ်သလို ဘာပြန် ပြောပြရမလဲဆိုတာကိုလည်း ကောင်း ကောင်း သိနေတတ်ပါတယ်။
ဘယ်သူမှ တစ်ကိုယ်တည်းကြိုးစား ရင်း အောင်မြင်လာတာမျိုးမရှိပါဘူး။
လက်ရှိကမ္ဘာတစ်လွှားမှာ ကျော်ကြားနေ တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ စီအီးအိုတွေ၊ စီးပွားရေးလုပ်ငန်းကို ဦးဆောင်နေတဲ့သူတွေမှာ လမ်းညွှန်ပြသပေးနိုင်သူတွေရှိနေပါတယ်။ တစ်ဦးဆီကနေ တစ်ဦး သင်ယူနေကြရတာပါ။
၅။ အောင်မြင်မှုကို ရှာဖွေပါ။
အောင်မြင်သူလို ကျင့်ကြံပါ။အောင်မြင်မှု ရရှိလာမှာပါ။
လူတိုင်းက အောင်မြင်တဲ့သူတွေနဲ့ စီးပွားရေး အတူလုပ်ချင်ကြပါတယ်။ ဘာ ကြောင့်လို့များထင်လဲ။
ကိုယ့်ကိုယ်ကို စီးပွားရေးလောကမှာ အောင်မြင်နေသူ တစ် ယောက်လို တွေးကြည့်ပါ။ ကိုယ်က အောင်မြင်တဲ့သူတစ်ဦးဖြစ်လာမယ်လို့ ယုံကြည်မှုတွေရရှိလာပါလိမ့်မယ်။
လူတိုင်းက သင်အောင်မြင်အောင် မလုပ်နိုင်မချင်းတော့ အတုအယောင်ပါလို့ ပြောနေမှာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထားလိုက်ပါ။
စိတ်ထဲကလုပ်နိုင်မယ်လို့ ယုံကြည်မှုရှိနေရင် အရာရာ အောင်မြင်နိုင်ပါတယ်။ လုပ်နိုင်ရမယ်၊ အောင်မြင်ရ မယ်လို့ တွေးထားပါ။
အပြုသဘောဆောင်တဲ့ အတွေးတွေက အောင်မြင်မှုဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားနေထိုင်ပါ။
၆။ အရာရာတိုင်းအတွက် အပတ်တကုတ် ကြိုးစားပါ။
ကိစ္စသေးသေးလေးတွေ၊ အရာမထင်တာတွေအတွက် အချိန်ကုန်ခံပြီးမလုပ်ပါ နဲ့။
ကိစ္စသေးသေးလေးတွေကို ရေးကြီးခွင် ကျယ်လုပ်ပြီး အချိန်ကုန်ခံတာကို လျှော့ လိုက်ပါ။
ကလေးလုပ်လို့ သွားတိုက်ဆေး တွေ ဖိတ်ကျတာနဲ့ နို့တွေ ဖိတ်ကျကုန်တာ မျိုးကို အချိန်ကုန်ခံမလုပ်ပါနဲ့။
အရေးကြီးတဲ့ကိစ္စတွေအတွက်ပဲ ပင်ပန်းခံ အချိန်ပေးပြီးလုပ်ပါ။ ဘာကိစ္စမဆို ချွေးထွက်ခံ ပင်ပန်းခံရတာပါပဲ။
အကျိုးရှိ ဖို့တော့ လိုပါတယ်။ ကိုယ့်ကုမ္ပဏီကို အောင်မြင်အောင်လုပ်ဖို့အတွက်တော့ ပင်ပန်းခံလိုက်ပါ။
၇။ လုပ်ငန်းတစ်ရပ်ကို ဆက်ခံတာက ကောင်းမွန်တဲ့ ဗျူဟာမဟုတ်ပါ။
လုပ်ငန်းတစ်ခုကို ဆက်ခံရမယ့်အ ချိန်ရောက်လာလို့ ဆက်ခံလိုက်တဲ့အချိန် မှာ မကြားချင်ဆုံးစကားတစ်ခွန်းက လုပ်နိုင်မှာပါဆိုတဲ့စကားဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဘယ်လိုလုပ်ရမလဲသိ ရဲ့လား။စီးပွားရေးလုပ်ငန်းဆိုတာ ဘယ်တော့မှ ပုံသေမှန်းထားလို့မရပါဘူး။
ကိုယ်တိုင် အလုပ်လုပ်ရတဲ့အချိန်မှာ ဘာဖြစ်လာမယ်ဆိုတာကို ထိုင်စောင့်နေလို့ မရပါဘူး။ မမျှော်လင့်တာတွေ ဖြစ်လာနိုင်ပါ တယ်။
ကိုယ်တိုင်ကလည်း ဉာဏ်ကောင်း ဖို့ လိုပါတယ်။အရာရာအတွက် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
အခြေအနေတိုင်း ကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုသလို ရင်ဆိုင်နိုင်ဖို့ အကောင်းမွန်ဆုံး ရေးဆွဲထားတဲ့ အစီအစဉ်တွေကို လိုအပ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးကို စလုပ်တဲ့အချိန် မှာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ဆိုတာ က မဖြစ်နိုင်သေးပါဘူး။
အိမ်စာလုပ်ပါ။ ပုံမှန်ထက် ပိုကြိုးစား ခိုင်းတာပါ။ အရာရာတိုင်းကို သိအောင်လုပ်ပါ။ ဖြေရှင်းနိုင်ဖို့ ကြိုးစားပါ။
ဘယ်လိုလုပ်တာက သင့်တော်မလဲဆိုတာကို တွေးကြည့်ပါ။ သုံးစွဲသူတွေအကြောင်း၊ ကိုယ့် လုပ်ငန်းရဲ့ customer တွေအကြောင်း၊
ဈေးကွက်အနေအထားအကြောင်း၊ ထုတ် ကုန်အကြောင်းနဲ့ အလုပ်က ဝန်ထမ်းတွေအကြောင်း သိထားမယ်ဆိုရင် ကိုယ့်အတွက် ပိုအကျိုးရှိပါလိမ့်မယ်။
အရောင်းအဝယ် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ လုပ်ငန်း အကြောင်းတွေပြောနေတာမဟုတ်ပါဘူး။
ကမ္ဘာပေါ်က အရာရာတိုင်းကို သင့်မှာ လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာကို ပြောပြ တာပါ။ လူတိုင်း ကိုယ့်အစွမ်းအစကို သိရှိ နိုင်ကြပါစေ။