စည်ပင်နယ်နိမိတ်ပြင်ပမြို့နယ် ၁၁ မြို့နယ်တွင်အကောင်အထည်ဖော်ရန် လျာထားသည့် စက်မှုဇုန်မြေနေရာများအား ပထမ အဆင့် မြို့ပြစီမံကိန်းမြေအဖြစ်သတ်မှတ်ပြီး မြေပိုင်ရှင်တောင်သူမျာျးမှ ၂ဝရာခိုင်နှုန်း၊နိုင်ငံတော်မှ ၈ဝရာခိုင်နှုန်း ဖြင့် ထူထောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ရွေးချယ်ထားရှိသည့် စက်မှုဇုန်မြေနေရာများကို ပထမအဆင့် မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင်တောင်သူများသည် ၂ဝ ရာခိုင်နှုန်း၊နိုင်ငံတော်မှ ၈ဝရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေပြီးနိုင်ငံတကာ အဆင့်မီစက်မှုဇုန်ထူထောင်ရန်ဖြစ်သည်။
စီမံကိန်းလျာထားဧရိယာများအနေနှင့် လုပ်ငန်းဆောင်ရွက်၍ ရနိုင်ဖွယ်ရှိမရှိ Feasibility Survey ဆောင်ရွက်ပြီးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် ၁၁ မြို့နယ်တွင်စက်မှုဇုန်မြေနေရာများ လျာထားရွေးချယ်ထားရှိမှုအပေါ်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ထပ်မံစိစစ်ထောက်ခံချက်ဖြင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ရာ ၂ဝ၁၈ ဖေဖော်ဝါရိ ၁ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၅/၂ဝ၁၈ ဆုံးဖြတ်ချက်အပိုဒ် ၂၈ အရ အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုချက်ရရှိပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုချက်ရရှိပြီးနောက်
စက်မှုဇုန်များ ထူထောင်ခြင်းလုပ်ငန်းကို ပွင့်လင်းမြင်သာမှုရှိစေရန် အိတ်ဖွင့်တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။
တင်ဒါစိစစ်ရွေးချယ်ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထု အကျိုးပြုမှုကို ပိုမိုဖော်ဆောင်ပေးနိုင်မည့် ကုမ္ပဏီကို Swiss Challenge စနစ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ဖွဲ့စည်းပေးမဲ့ တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့တင်ဒါကော်မတီများမှ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှု အောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ လျော့နည်းသွားပြီး ဒေသဖွံ့ဖြိုးရေး နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို
အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် များထူထောင်ရခြင်းသည် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူမာျးအလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို ဖော်ဆောင်ပေးနိုင်ရန်အပြင် ရန်ကုန်မြို့တော်၏လူဦးရေ
သိပ်သည်းကြပ်တည်းမှု၊ယာဉ်ကြောပိတ်ဆို့မှုတို့ကို အထိုက်အလျောက် လျော့နည်းသွားစေရန်နှင့် မြို့နယ်တစ်ခုချင်းစီတွင် စက်မှုဇုန်ထူူထောင်ခြင်းဖြင့် ရရှိလာမည့် ဝင်ငွေများကို အဆိုပါ မြို့နယ်တစ်ခုချင်းစီ၏
မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် သုံးစွဲရန်ဖြစ်ကြောင်း သိရသည်။
#Myanmar Builders Guide