92 Semi Codominium စီမံကိန်းကို အမှတ် ၆၆-၇၀ ၊၉၂လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် တည်ဆောက်လျှက်ရှိပါသည်။
ယင်းစီမံကိန်းကို Naing Group မှတာဝန်ယူဆောက်လျှက်ရှိပြီး Myanmar New Generation မှဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။
ထိုစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဖြစ်သည်။
စီမံကိန်း၏မြေဧရိယာမှာ ဝ.၁ ဧကရှိမည်ဖြစ်ပြီး အဆောက်အဦးဧရိယာမှာ ၄၄,၀၀၀ စတုရန်းပေခန့် ရှိမည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၈ ထပ်ပါဝင်မည်ဖြစ်ပြီး basement ၁ ထပ်ပါဝင်မည်ဖြစ်သည်။
ထိုစီမံကိန်း၏ တစ်လွှာတွင် ၄ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၂၆ ခန်းကျော်ပါဝင်မည်ဟုသိရသည်။
ယင်းစီမံကိန်းတွင် ဓာတ်လှေခါး တစ်စင်းပါဝင်မည်ဖြစ်ပြီး basement ၁ ထပ်တွင် ကားပါကင်ပါဝင်မည် ဖြစ်သည်။
ထိုစီမံကိန်း၏ အခန်းအကျယ်အဝန်းမှာ ၆၀၀ စတုရန်းပေမှ စတုရန်းပေ ၁၀၀၀ ထောင်ကျော်ကျယ်ဝန်းမည် ဖြစ်သည်။
အခန်း pricing မှာ စတုရန်းတစ်ပေလျှင် တစ်သိန်းလေးသောင်းမှတစ်သိန်းခြောက်သောင်းထိ ကျသင့်မည် ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို တစ်နှစ်ခွဲအတွင်း အရစ်ကျ ပေးချေ ရမည်ဟု သိရသည်။