ကနီမြို့နယ်အတွင်း လာဘို့-စိုင်တဲ-ပွင့်ကာ-ကူးစိတ်လမ်းမှာ ဂျပန်နိုင်ငံအကူအညီဖြင့် တံတားတစ်စင်း တည်ဆောက်ဖို့ ဒီဇင်ဘာ ၆ ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အဆိုပါတံတားကို ဂျပန်နိုင်ငံအကူအညီဖြင့် ယခုနှစ်ဘတ်ဂျက်အတွင်း အပြီးတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။
တံတားအရှည်မှာ လေးမိုင် လေးဖာလုံ ရှည်ပြီး ယခုအခါ မြေသားတာပေါင်ဖို့ခြင်းတွေ ဆောင်ရွက်နေပါတယ်။
ဂျပန်နည်းပညာနဲ့ ဂျပန်က အင်ဂျင်နီယာတွေ ကိုယ်တိုင်ဆောက်မှာဖြစ်ပြီး အဲဒီနည်းပညာက ရေမြင့်လာရင် ရေအောက်မြုပ်နေတဲ့ တံတားအမျိုးအစားဖြစ်ပြီး တံတားမှာ ရေအောက်မြုပ်နေရင်တောင် တံတားပေါ်ကနေ သွားလို့ရနိုင်တဲ့ တံတားဖြစ်တယ် လို့ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်လှိုင်က ပြောသည်။