အောက်ဖော်ပြပါ အဆောက်အဦးများသည် နိုင်ငံတစ်ခု၏ သင်္ကေတ အမှတ် တံဆိပ်များဖြစ်ပြီး အကျော်ကြားဆုံး အထင်ကရ အဆောက်အဦးများဖြစ်သည်။ကျော်ကြားသည့် အဆောက်အအုံ များစွာထဲကမှ အများစုသည် လူသိများ သည်။
1.Eiffel Tower
ယင်း သည် ပြင်သစ်ရှိ ပဲရစ်တွင် တည်ရှိသည်။ထို အဆောက်အဦးကို မြင်သည်နှင့် ပဲရစ်(စ်) ၏ သင်္ကေတ တစ်ခုမှန်း သိကြမည် ဖြစ်ပါသည်။
အဆိုပါ အဆောက်အဦးသည် Seine မြစ်နှင့် နီးစပ်သော Champ De Mars တွင် တည်ရှိပြီး ထို မျှော်စင်အား Gustave Eiffel က ဒီဇိုင်းရေးဆွဲထားပြီး ၁၈၈၇ နှင့် ၁၈၈၉ ကြားတွင် တည်ဆောက်ခဲ့သည်။
၁၈၈၉ ခုနှစ် မေလ ၁၅ရက်တွင် Eiffel Tower အား ဖွင့်လှစ်ခဲ့သည်။ ထိုမျှော်စင်သည် အထိမ်းအမှတ် အဆောက်အအုံ တစ်ခုဖြစ်သည်။ယေဘုယျအားဖြင့် အမြင့်ပေ ၃၂၄ မီတာ(၁,ဝ၆၃ပေ)မြင့်ပြီး သတ္တု အလေးချိန်မှာ ရ,၃ဝဝ တန်ချိန်ရှိပြီး
အခြား အစိတ်အပိုင်းအလေးချိန်မှာ ၁ဝ,ဝဝဝ တန်ရှိသည်။
2.Clock Tower
ယင်းသည် လန်ဒန်တွင် တည်ရှိပြီးလန်ဒန်၏ ထင်ရှားသော အဆောက်အဦ တစ်ခု လည်းဖြစ်သည်။
ယင်းမျှော်စင်သည် ပါလီမန် အိမ်များ၊အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အိမ်တော်များ ဟူ ၍ လူသိများသည်။
အင်္ဂလိပ် ဗိသုကာပညာရှင် Augustus Pugin မှ ဒီဇိုင်းရေးဆွဲထားပြီး ၁၂ရာစုမှ ၁၆ရာစုအတွင်း အနောက်ဥရောပတွင် ခေတ်စားခဲ့သည့် ဗိသုကာလက်ရာပုံစံမျိုး(Gothic Revival Style)ဖြင့် ၁၉ရာစုခေတ်
ကုန်ခါနီးတွင် ဆောက်လုပ်ထားသော အဆောက်အဦးဖြစ်သည်။ယင်းမျှော်စင်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးလေးမျက်နှာပါရှိသည့် နာရီစင်ဖြစ်သည်။
နာရီမျက်နှာပြင်မှာ အချင်း ရမီတာ ရှိပြီး မျှော်စင်အမြင့်မှာ ၃၁၆ပေ မြင့်၍ ၁၈၅၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
3.Empire State Building
ယင်းအဆောက်အဦးသည် New York နှင့် အမေရိကန်ပြည်ထောင်စု အမျိုးသားသမိုင်းဝင် အထင်ကရ အဆောက်အဦး တစ်ခုဖြစ်နေပြီး သက်တမ်းမှာ ၈၇ နှစ်ခန့် ရှိပြီဖြစ်သည်။
ကမ္ဘာကျော် Gregory Johnson မှ ဒီဇိုင်းရေးဆွဲ ပေးထားပြီး ဗိသုကာပညာရှင် Shreve Lamb နှင့် Harmon တို့ဖြစ်သည်။ယင်းအဆောက်အဦးကို ၁၆လအတွင်းတည်ဆောက်ခဲ့သည်။
ယင်းကို ၁၉၃၁ ခုနှစ်မေ ၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
၁ဝ၂ ထပ်မြင့်သော ယင်း အဆောက်အဦးရှိ ၈၆ ထပ်တွင် နယူးယောက်မြို့တစ်ခုလုံးအား ၃၆ဝဒီဂရီ ဖြင့် ကြည့်နိုင်ခြင်းဖြစ်သောကြောင့် တစ်နှစ်လျှင် လာရောက်လည်ပတ်သူ ၃ ဒသမ ၅ မီလံ ကျော် ရှိသည်။
အမြင့်ပေ ၁,၂၅၂ ပေ မြင့်ပြီး ၁၉၃ဝ မှ ၁၉၃၁ တွင် တည်ဆောက်ခဲ့သည်။
4.Forbidden City
ယင်း အဆောက်အဦးသည် ကမ္ဘာပေါ်တွင် ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည်။
တရုတ်မင်းဆက် Ming နှင့် Qing မင်းတို့၏ နန်းတော်ဖြစ်သည်။ယနေ့ခေတ်တွင် တရားဝင်နန်းတော်ပြတိုက် အဖြစ် သတ်မှတ်လိုက်သည်။
ယင်းတွင် အဆောက်အဦးပေါင်း ၁ဝဝဝခန့်ရှိပြီး စုစုပေါင်း ဧရိယာ ရ၂ဝ,ဝဝဝ sqm ကျယ်ဝန်းသည်။ ၁၄ဝ၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ဆောက်လုပ်ချိန် ၁၄နှစ် ကြာခဲ့သည်။
5.Sydney Opera House
Sydney ၏ သင်္ကေတ တစ်ခုဖြစ်ပြီး သြစတေးလျ ရှိ Sydney Harbour တွင် တည်ရှိသည်။
၁၉၇၃ ခုနှစ်တွင် Queen Elizabeth II မှ ဖွင့်လှစ်ခဲ့ပြီး ယခုနေ့ရက်တိုင် မပြည့်စုံမှုများရှိနေသေးသော်လည်း ၂ဝရာစု တွင် အကောင်းဆုံး အဆောက်အဦးအဖြစ်
တစ်ကမ္ဘာလုံး အသိအမှတ်ပြုကြသည်။ကမ္ဘာ့အဆင့်မီ ဖျော်ဖြေရေးအနုပညာစင်တာတစ်ခုဖြစ်ပြီး Sydney နှင့် Australian ယဉ်ကျေးမှု ဆိုင်ရာ သင်္ကေတ တစ်ခုဖြစ်လာသည်။
ယင်း နေရာအား ဒိန်းမတ် ဗိသုကာ ပညာရှင် Jorn Utzon မှ ဖန်တီးခဲ့သည်။
6.Leaning Tower of Pisa
အီတလီရှိ Pisa မြို့တွင် Piazza dei Miracoli (အံ့ဖွယ် ရင်ပြင်) ဟူ၍ လူသိများသော Piazza del Duomo တွင် တည်ရှိသည်။
Pisa တာဝါသည် စကျင် ကျောက်အဖြူနှင့် ပြုလုပ်ထားသော ဘုရားရှိခိုးကျောင်းများ ၏ခေါင်းလောင်းမျှော်စင် ဖြစ်သည်။၁၁၇၃နှစ်ကုန်ပိုင်းခန့် တွင် ဆောက်လုပ်ခဲ့သည်။
ယင်းတာဝါသည် အမြင့်ပေ ၁၈၄ ပေ မြင့်ပြီး အလေးချိန်မှာ ၁၄,၅ဝဝတန်ရှိသည်။
7.Shwe Dagon Pagoda
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။
မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်
ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။
မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း
တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ ့ တဝှမ်းတွင် ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။
စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
8.Cologne Cathedral
ဂျာမနီတွင် တည်ရှိသော Cologne Cathedral သည် ရှည်လျား သည့် သမိုင်းရှိသော ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်သည်။ အေဒီ ၁၂၄၈ တွင် အခြေခံ အုတ်မြစ် ဖောင်ဒေးရှင်းချခဲ့ခြင်းဖြစ်သည်။နှစ်ပေါင်း ရဝကျော် ကြာသည့်အခါမှ
ဘုရားရှိခိုးကျောင်းအတွင်းပိုင်းပရိဘောဂနှင့် အလှဆင်ခြင်း များဖြင့် ပြည့်စုံလာခဲ့သည်။အမြင့်ပေ ၅၁၅ပေ မြင့်သော ထို ဘုရားကျောင်းအား ၁၂ရာစုမှ ၁၆ရာစုကြား ဥရောပတွင်ခေတ်စားခဲ့သည့်
ဗိသုကာ လက်ရာပုံစံမျိုးဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။