ဆောက်လုပ်ရေးတွင် မရှိမဖြစ်လိုအပ်သော ကွန်ကရစ်အကြောင်း တစေ့တစောင်း


18 November, 2020

ဆောက်လုပ်ရေးလုပ်ငန်းသုံးကွန်ကရစ်ဆိုသည်မှာ ယနေ့ခေတ်တွင် ကမ္ဘာပေါ်တွင် အတွင်ကျယ်ဆုံး အသုံးပြုနေသည့်ဆောက်လုပ်ရေးသုံးပစ္စည်းတစ်ခုဖြစ်သည်။

ထို့ပြင် လုပ်ငန်းခွင်သို့ Plastic State အနေဖြင့် ပို့ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အဓိက ဆောက်လုပ်ရေး ပစ္စည်းဖြစ်သည်။

အားလုံးသိတဲ့အတိုင်း သဲ၊ ကျောက်စရစ်၊ ဘိလပ်မြေတွေကို ပေါင်းစပ်ပြီး အသုံးပြုတဲ့အခါ ခိုင်မာတဲ့ အရာ တစ်ခု ရရှိလာတယ်။ ခေတ်သစ်အဆောက်အဦးတွေမှာ ကွန်ကရစ်

အသုံးပြုဖို့အတွက် တွန်းအားဖြစ်စေခဲ့တာကတော့ ဗြိတိန်အင်ဂျင်နီယာ John Smeaton တည်ဆောက်ခဲ့တဲ့ Smeaton တာဝါ မီးပြတိုက်ပဲဖြစ်ပါတယ်။ ၁၉ ရာစုမှာတော့ Joseph Aspdin က Portland Cement ကို Patent တင်ခဲ့သည်။

သူ့ရဲ့သား William Aspdin ကိုတော့ ခေတ်သစ် ဘိလပ်မြေကို တီထွင်သူအဖြစ် အသိအမှတ်ပြုကြပါတယ်။

၁၈၄၉ ခုနှစ်မှာတော့ Joseph Monier က Reinforced Concrete RC ကွန်ကရစ်ကို စတင်တီထွင်ခဲ့ပြီး ၁၈၈၉ ခုနှစ်မှာတော့ ကမ္ဘာ့ ပထမဆုံး RC ကွန်ကရစ်တံတားကို တည်ဆောက်ခဲ့ပါတယ်။

ကွန်ကရစ်ပြုလုပ်ရာတွင် အခြေခံအားဖြင့် အောက်ပါ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

(က)အသားသေပြီးသော ကွန်ကရစ်တစ်ခုအနေဖြင့် လိုအပ်သော ခံနိုင်အားရရှိစေသည်။

(ခ)နေရာအနှံ့အပြားတူညီမှုရရှိစေရန်နှင့် ရေလုံစေရန်။

(ဂ)ရာသီဥတုဒဏ်၊ပွတ်တိုက်ခြင်းဒဏ်နှင့်အခြား ဖျက်စီးတတ်သည့် အကြောင်းအရာများကို ခံနိုင်စေရန်။

(ဃ)အေးသောအခါ(သို့)ခြောက်သောအခါတွင် အလွန်အကျွံ ကျုံ့ဝင်ခြင်းမရှိစေရန်။

(င)အချို့သော ကိစ္စရပ်များတွင်အထူးလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်။(ဥပမာ-မီးလောင်မှုဒဏ်အား ခံနိုင်ရည် ရှိစေရန်၊ဓာတုပစ္စည်းများ၏ ဓာတ်ပြုတိုက်စားခြင်းကို

ခံနိုင်ရည်ရှိစေရန်၊အလေးချိန်ပေါ့ပါးသော ကွန်ကရစ်ဖြစ်စေရန် နှင့် အထူးချောမွေ့သော မျက်နှာပြင် ရရှိရန် စသည့် ဂုဏ်သတ္တိများရှိရန်လိုအပ်သည်။

ဘိလပ်မြေအမျိုးအစားလေးမျိုး ရှိကြောင်းသိရသည်။

(၁)သဘာဝဘိလပ်မြေ

ပေါ့လ်တလန်ဘိလပ်မြေ (Portland Cement)ကိုတွေ့ရှိခြင်း မရှိခင်က သဘာဝ ဘိလပ်မြေများ ဖြစ်ကြသော Roman, Medina, Alkinoon အစရှိသည်တို့ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

၄င်းတို့ တစ်ခုချင်းစီတွင် ပါဝင်သော ဓာတ်သဘာဝများနှင့် ဂုဏ်အင်္ဂါရပ်များမှာ သိပ်မကွာခြားလှပါ။

(၂)ရောမဘိလပ်မြေ

၄င်းဘိလပ်မြေကို အမာမြန် သော ထုံးအင်္ဂတေ (quick heardening lime) ဟု ခေါ်သည်။ ဤသဘာဝ ဘိလပ်မြေကို ထုံးကျောက်နှင့် ရွှံ့ရောစပ်ကာ နိမ့်သော အပူချိန်တွင် မီးဖုတ်ခြင်းဖြင့် ထုတ်လုပ်သည်။

၄င်းတွင် အညိုရောက်ရှိသော ရွှံ့ကို ကြိတ်ပြီးချိန်တွင် 1-bushel (ဗူရှယ်) တွင် ရ၅ပေါင် အလေးချိန်စီးသည်။ ၄င်းကို စည်ထဲတွင် သိုလှောင်ထားရသည်။ လေထဲတွင် ပစ်ထားပါက လေဝင်ပြီး ခြောက်၍ ခဲသွားတတ်သောကြောင့် ဖြစ်သည်။

ရောမဘိလပ်မြေနှင့် လုပ်သော ဘိလပ်မြေသရွတ်ကို ပေါ့လ်တလန် ဘိလပ်မြေ သရွတ်ကဲ့သို့ လုပ်နိုင်သည်။ အလူမီနာနှင့် ဖဲရစ်အောက်ဆိုဒ် ပါဝင်မှု မြင့်မားသောကြောင့် အအိပ်မြန်သည်။

ထို့ကြောင့် လိုသမျှသာ ဖျော်ရသည်။ ထိုဘိလပ်မြေ အမျိုးအစားကို အသုံးပြုသော နယ်ပယ် ကျဉ်းသွားသောကြောင့် ယခုအခါတွင် ထုတ်လုပ်မှု နည်းသွားပြီ ဖြစ်သည်။

     

(၃)ပေါ့ဇိုလားနား(Pozzlana)

၄င်းသည် မီးတောင်ထွက် ပစ္စည်းဖြစ်ပြီး နေရာ အတော်များများတွင် တွေ့နိုင်သည်။ ၄င်းကို နေပယ် အနီးရှိ ပေါ့ဇိုလားနားတွင် တွေ့ရှိရာမှ အစပြု၍ အမည်တွင်လာခြင်း ဖြစ်သည်။ ၄င်းကိုယ်တိုင်က ဘိလပ်မြေမျိုး မဟုတ်ပါ။

သို့သော် ၄င်းကို ထုံးနှင့် ရောနှောခြင်းဖြင့် ဘိလပ်မြေ ဂုဏ်သတ္တိအဆင့်ကို ရောက်စေသည်။ အုတ်ဖုတ်ဖို အဟောင်းမှရသော အုတ်ကျိုး၊ အုတ်ပဲ့၊ အုတ်ကြွပ်မိုး အကြေအမွတို့ကို အမှုန့်ကြိတ်၍ သဲအစားထိုး သရွတ်တွင်ရောပြီး သဘာဝမဟုတ်သော

ပေါ့ဇိုလားနား အဖြစ် အသုံးပြုသည်။

(၄)ပေါ့လ်တလန် ဘိလပ်မြေ

ဤဘိလပ်မြေသည် သဘာဝအမျိုးအစားကို ထပ်ဆင့်ပေါင်းစပ်ထားပြီး သိပ္ပံနည်းကျ သုတေသနလုပ်၍ ထုတ်လုပ်သည်။

၄င်းအတွင်း ပါဝင်ရောစပ်သော ဓာတုနှင့် အခြားပစ္စည်းများကြောင့် ယင်း၏ ဂုဏ်သတ္တိများသည် ပို၍ပင် စိတ်ချရသည်။

အခြား သဘာဝ ဘိလပ်မြေ၊ သို့မဟုတ် ဟိုက်ဒရောလစ် ထုံး သရွတ်များထက် ပိုမိုအားကောင်းသည်။ ပေါ့လ်တလန် ဘိလပ်မြေကို အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်သောကြောင့် ပို၍ တိုးတက်လာပြီး၊

အမျိုးမျိုး အသုံးချနိုင်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်် သုံးနိုင်ခြင်း၊ သဘာဝ သရိုးများသော ဟိုက်ဒရောလစ်ထုံး၊ သို့မဟုတ် သဘာဝဘိလပ်မြေများဖြင့် လုပ်သော အလုပ်များတွင် အစားထိုးနိုင်ခြင်းတို့ကြောင့် ပေါ့လ်တလန်နှင့် ယှဉ်လိုက်သောအခါ

ဟိုက်ဒရောလစ် ထုံနှင့် သဘာဝ ဘိလပ်မြေတို့သည် ခေတ်နောက်ကျ ကျန်ခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သဘာဝ ရိုးရိုး သရွတ် (သဲသရွတ်) ကို သုံးခြင်းထက် ပေါ့လ်တလန် ဘိလပ်မြေကို မသုံးဘဲ ထုံးများသော

(သို့မဟုတ်) တဆင့်ခံ ဟိုက်ဒရောလစ် ထုံးသရွတ်ကို သုံးသည့် အလုပ်များလည်း ရှိနေပေသေးသည်။ အုတ်ဖြင့် ဆောက်လုပ်သော လုပ်ငန်းများကိုလည်း ဤသရွတ်ဖြင့် ကျယ်ပြန့်စွာ ရောသုံးသည်။ အလူမီနာများ ဘိလပ်မြေကို ထုံးနှင့် မရောရပါ။

ကွန်ကရစ်တစ်ခု ဖြစ်ပေါ်လာစေရန် အတွက်ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ဘယ်လောက်ကုန်မလဲ အကြမ်းတွက်၍ရအောင် ထည့်သွင်းဖော်ပြလိုက်ရပါသည်။မြန်မာပြည်ရှိဆောက်လုပ်ရေး အများစုမှာ ကျင်းနှင့်ပြောကြသည်။

ကုဗကျင်း(cube)နှင့် စကွဲယားကျင်း(square)ဟူ၍ရှိသည်။

Cube

ကုဗကျင်းသည် အလျား၊အနံ၊အမြင့် ၃ခုမြှောက်လို့ ၁ဝဝ ရလျှင် ၁ကျင်းပါ။၅ဝဆိုကျင်းဝက်၊၂၅ သည် ကျင်းတစ်မတ် စသဖြင့် ရှိသည်။

ကုဗကျင်းသည် ၉လက်မနှင့် အထက်အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်း တို့တွင် အများဆုံး သုံးကြောင်း သိရသည်။

ရှိသမျှ အလျားအနံအမြင့် များ လိုက်မြှောက် လျှင် ကုဗကျင်း ရပါပြီ။မြေကြီး ၁ကျင်းလျှင် ၁ဝပေ ပတ်လည် ၁ပေအနက် ရှိရပါမည်။

-1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန် ့သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန် ့သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန် ့သဲကျင်းဝက် ကျောက်၁ ကျင်း

- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

Square

စကွဲယားကျင်း အလျားနှင့် အနံ သာမြှောက် ၁ဝဝ ရလျှင် ၁ကျင်း။၄လက်မ ခွဲအုတ်စီခြင်း၊ဆေးသုတ်ခြင်းနှင့် အမိုးမိုးခြင်း၊ကြွေပြားကပ်ခြင်းတို့တွင် သုံးသည်။နံရံများတွင် အသုံးများသော ၄ ဒဿမ ၅ လက်မ အုတ်စီခြင်းမှာ

အုတ် ၅၅ဝလုံး၊1:4 အချိုး ဘိလပ်မြေ ၃အိတ်နီးပါး သဲ .၁၁ကျင်း ဖြစ်ကြောင်းသိရသည်။

Region Tips Read 251 times