ရန်ကုန်မြို့ရှိ စက်မှုဇုန်များ အကြောင်းတစေ့တစောင်း


17 November, 2020

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာစက်မှုဇုန်နှင့် တောင်ဒဂုံစက်မှုဇုန်အား တစ်ပေါင်းတည်းအဆင့်မြှင့်တင်မှုများလုပ်ဆောင်နေပြီး စက်မှုဇုန်များအားလုံး၏ကြီးကြပ်ကွပ်ကဲ မှုအား

အာဏာစက်ရှိသည့်အဖွဲ့မှ ကြီးကြပ်ကွပ်ကဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။

စက်မှုဇုန်များသည် နိုင်ငံ၏ ဝင်ငွေရရှိရေးအတွက် အရေးကြီးသည့်နေရာများ ရှိနေသည်။စက်မှုဇုန်စီမံခန့်ခွဲရေးအဖွဲ့သည် စက်မှုဇုန်၏ လုပ်ငန်းရှင်များကိုသာ

စုဖွဲ့ထားသော အရပ်ဘက်အဖွဲ့အစည်းသက်သက်ပင်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအဖွဲ့အနေနှင့် စက်မှုဇုန်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းပါဝင်သော အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းထားပြီးဖြစ်သည်။လေ့လာဆန်းစစ်မှုများ

ကိုလည်းပြုလုပ်နေပြီး အဆင့်တစ်ဆင့်သို့ရောက်နေပြီးလှိုင်သာယာနှင့် တောင်ဒဂုံကို လေ့လာခဲ့ပြီးဖြစ်သည်။

တောင်ဒဂုံတွင် ရှိသော စက်မှုဇုန်သုံးခုကိုလည်း ပေါင်းစည်းရန်အတွက်လည်း ပြင်ဆင်နေသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ခုအပြင် မြို့နယ်၁၁မြို့နယ်တွင် စက်မှုဇုန်အသစ်များဖော်ဆောင်ရန်လည်း ပြင်ဆင်နေသည်။ခရမ်း၊သုံးခွ၊ကွမ်းခြံကုန်း၊ကော့မှူး၊တွံတေး၊သန်လျင်၊ကျောက်တန်း၊တိုက်ကြီး၊မှော်ဘီ၊ထန်းတပင်၊လှည်းကူးစသော

မြို့နယ်များတွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်မည်ဖြစ်သည်။

စက်မှုဇုန်အဆင့်မြှင့်တင်ရေးလုပ်ခြင်းနှင့် စက်မှုဇုန်အဆင့်မြှင့်တင်ရေးအဖွဲ့မှ စနစ်တကျစီမံဆောင်ရွက်ပေးပြီး လမ်းမီးတိုင်များလင်းစေရေး၊စီစီတီဗီ အားလုံးတပ်ရန်၊စက်မှုဇုန်များ၏ဂိတ်အား တံခါးတပ်ရန် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိစက်မှုဇုန်များအတွင်းတွင်ကိုယ်ထူကိုယ်ထစနစ်နှင့် လုပ်ဆောင်မှုများ ရှိသောကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စက်မှုဇုန်တွင်အလုပ်လုပ်လျှင်နှစ်စဉ်ကြေးဘယ်လိုပေးရမည်ဆိုသည်အစ စနစ်တကျရှိရန်လိုအပ်သည်။

စက်မှုဇုန်ပေါင်း ၂၉ဇုန်ရှိကာမြေကွက်လပ်များနှင့်လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့်စက်ရုံများ၊စက်မှုဇုန်များနှင့်မြေကွက်လပ်များတွင်

ဂရန်ရရှိပြီးခြောက်လအတွင်း လုပ်ငန်းဖော်ဆောင်ရန်နှင့် လူနေအိမ်ဆောက်လုပ်ခြင်းမပြုရန်၊တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ရောင်းချခြင်းမပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရသည်။

Local Tips Read 145 times