သိန်း ၉၀ ကျော်ဖြင့် အိမ်တစ်လုံး အပြီးဆောက်မည်


02 November, 2020

ကျပ်သိန်း ၉၀ ကျော်နဲ့ အိမ်တစ်လုံးကို ဆောက်နိုင်တဲ့အပြင်ရေမီးအစုံပါပါအောင်ဆောက်လုပ်ပေးနေ ကြောင်းသိရသည်။

ကျပ်သိန်း ၉၀ ကျော်ဖြင့်ဆောက်လုပ်ပေးနေသောအိမ်များမှာတစ်ထပ်အိမ်များဖြစ်ပြီး တန်ဖိုးနည်းအာရ်စီအမျိုးအစားဖြစ်ပါသည်။

ဆောက်လုပ်နေသည့်အခါတွင်လည်းတစ်ပေပတ်လည်လျှင်ကျပ် ၁၅၅၀၀ နှုန်းဖြင့်တွက်၍ ဆောက်လုပ်ပေးခြင်းဖြစ်ပါသည်။

တန်ဖိုးနည်းအိမ်ဆိုသော်လည်းခိုင်ခံ့အောင်ဆောက်လုပ်ပေးထားပါသည်။

အောက်ခြေကိုသုံးပေခွဲတူးထားခြင်းဖြစ်ပြီးအပေါ်တွင်အုတ်ရိုးစီကျောက်လောင်းပြီးဆောက်လုပ်ထားပါသည်။

ခေါင်မိုးကိုလည်း GI နှင့်မိုးပေးထားပြီး အချောထည်ကိုရေဆေးသုတ်ပြီးအခန်းဖွဲ့ခြင်းမျိုးလည်း ပြုလုပ်ပေးထားပါသည်။ အိမ်သာရေချိုးခန်းများပြုလုပ်ပေးသည့်အပြင်မီးကြိုးမီးခုံများကိုပြုလုပ်ပေးသည်ဟုသိရသည်။

ရေတိုင်ကီ၊ဘေဇင်၊မျက်နှာကြက်များကိုပါထည့်သွင်းပြုလုပ်ပေးနေကြောင်းဆောက်လုပ်ပြီးသည့်အခါအသင့်နေထိုင်နိုင်အောင်ဆောက်လုပ်ထားကြောင်းသိရသည်။

ယင်းတန်ဖိုးနည်းအိမ်များကိုယခုချိန်တွင်ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များတွင်ဆောက်လုပ်ပေးနေပြီး နယ်များကိုလည်းလိုက်လံဆောက်လုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

အဆင့်မြင့်ဆောက်လုပ်ချင်ပါကတစ်ပေပတ်လည်ကို ကျပ် ၂၂၀၀၀ နှင့်ဆောက်လုပ်ပေးမည်ဖြစ်ပြီး တန်ဖိုးနည်းအိမ်ကိုငွေကြေးတစ်စုတည်းမတတ်နိုင်သည့်သူများအတွက်အရစ်ကျစနစ်ဖြင့်ဆောက်လုပ် ပေးနေခြင်းဖြစ်ပါသည်။

imyanmarhouse

Public Housing Local Read 86 times