ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်ရှိ ဧက ၂၄၀၀ ပေါ်တွင် ပြည်သူ့ဘ၀ မြှင့်တင်ရေးမြို့သစ်စီမံကိန်း တစ်ခုကို အ ကောင်အထည်ဖော်တည်ဆောက်သွား မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းသည် ပန်းလှိုင်မြစ် တစ်ဖက်ကမ်း တွံတေးမြို့နယ် ရေကျော် ကွင်းကျေးရွာတွင် တည်ရှိခြင်းဖြစ်ပြီး ၎င်း စီမံကိန်း၏မျက်နှာချင်းဆိုင်တွင်
ရန်ကုန် မြို့သစ်စီမံကိန်းတည်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန (အိမ်ရာဖွံ့ဖြိုးရေးဌာန)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ကပြော သည်။
“စုစုပေါင်းက ဧက ၃၀၀၀ ရှိတယ်။ ဧက ၂၄၀၀ ကို တော့ အပိုင်းနှစ်ပိုင်း နဲ့ ဆောင်ရွက်မယ်။ ဒီထဲမှာ ဧက ၆၀၀ ကို မူလလယ်ပိုင်ရှင်တွေကို ဂရန်အမည်ပေါက်နဲ့
မြေနေရာပြန်ချပေး မယ်။ အပိုင်း ၁ အနေနဲ့ ဧက ၁၈၀၀ မှာ တန်ဖိုးနည်းအိမ်ရာစုစု ပေါင်း ၂၆၁၈၂ ယူနစ်တည်ဆောက်မယ်။
ကျန်တဲ့ဧက ၆၀၀ ကို အပိုင်း-၂ အနေနဲ့ Commercial Housing တွေတည် ဆောက်မယ်”ဟု ဦးဝင်းနိုင်ကပြော သည်။
စီမံကိန်းဆောင်ရွက်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံမှBerjaya land berhad ကုမ္ပဏီနှင့် နား လည်မှုစာချွန်လွှာရေးထိုးထားပြီး အပိုင်း-၁
တွင်တည်ဆောက် မည့် တန်ဖိုးနည်းအိမ်ရာများအတွက် နိုင်ငံတော်အစိုးရက မြေနေရာပေးမည် ဖြစ်သည်။
မလေးရှားနိုင်ငံမှBerjaya Land Berhad ကုမ္ပဏီက နိုင်ငံခြားဘဏ်မှဆောက် လုပ်ရေးချေးငွေရယူကာ တန်ဖိုးနည်းအိမ် ရာများတည်ဆောက်ပေးမည်ဖြစ်ပြီး
ရောင်းချရာတွင်လည်း ကျူးကျော်များနှင့် စက်မှုဇုန်လုပ်သားများအား ဦးစားပေး၍ အရစ်ကျစနစ်ဖြင့်ရောင်းချပေးမည်ဖြစ်သည်။
စီမံကိန်းအပိုင်း-၂ အတွက် မြေငှား ရမ်းခကို ကုမ္ပဏီက အစိုးရသို့ပေးသွင်း မည်ဖြစ်ပြီး Commercial Land အပြင် စက်မှုဇုန်များ၊ ဟိုတယ်များ၊ ကွန်ဒိုများ၊ ရုံးခန်းများ
တည်ဆောက်သွားမည်ဖြစ် သည်။
စီမံကိန်းအတွက် လက်ရှိတွင် ပြည်ထောင်စုအစိုးရထံသို့ တင်ပြထား ပြီး မူလပိုင်ရှင်လယ်သမားများအား မြေနေရာ ပေးအပ်ရန်စီစဉ်ထားသည်။