ကမ္ဘာကျော်ဂုတ်ထိပ်တံတားမှပေ ၂,ဝဝဝ ကျော်အကွာတွင်ဂုတ်တွင်း တံတာသစ် တည်ဆောက်မည်


06 December, 2020

ကမ္ဘာကျော် ဂုတ် ထိပ်တံတားမှ ပေ ၂,ဝဝဝ ကျော် (၆၉၆ မီတာ) အကွာတွင် ဂုတ် တွင်းတံတာသစ်ကို သုံးနှစ်ခွဲအ တွင်း အပြီးတည်ဆောက်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဒုတိယ ဝန်ကြီးက ယမန်နေ့ လွှတ်တော် တွင် ပြောသည်။

             ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေသည့် ဂုတ် တွင်းလမ်းပိုင်းကို ရှောင်ကွင်းရန် တည်ဆောက်မည့် အဆိုပါ တံတားပြီးစီးပါက ဂုတ်တွင်းလမ်း အတက်၊ အဆင်းကို ကားငယ် လေးများက ၄၅ မိနစ်ခန့်နှင့် ကား ကြီးများက တစ်နာရီခွဲခန့်သာ ကြာ မြင့်တော့မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြော သည်။

             တံတားတည်ဆောက်ခြင်း စီမံကိန်းကို နိုင်ငံတော်ပိုင် ရန်ပုံငွေဖြင့် ဆောင်ရွက်မည်မဟုတ်ဘဲ Oriental Highway Co., Ltdပိုင် ငွေကြေးဖြင့် စိုက်ထုတ်ဆောင် ရွက်မည်ဖြစ်ပြီး ခန့်မှန်းခြေ ကျပ် ဘီလီယံ ၄၀ နှင့် ကန်ဒေါ်လာ၁၂၀ ဒသမ ၇၇ သန်း ငွေနှစ်ရပ်ပေါင်း၍ သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

               နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် တည် ဆောက်ခြင်းစီမံကိန်းဧရိယာတွင် ကျောက်မဲနှင့် နောင်ချိုမြို့နယ် နှစ်ခု၌ ပါဝင်သော စိုက်ပျိုးမြေနှင့် သစ်တောမြေ စုစုပေါင်း ၄၉၉ ဒသမ ၇၃ ဧကခန့်ရှိသည်။အဆိုပါ မြေဧကမများအ နက် ၃၆ ဒသမ ၃၅ ဧကသည် အစိုးရအဖွဲ့ပိုင်ဖြစ်သဖြင့် လျော်ကြေးပေးရန်မလိုအပ်ဘဲ ကျန်ရှိသည့်ဧကများကို လျော်ကြေးပေး အပ်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးကလွှတ်တော်သို့ရှင်းပြသည်။

            ထို့ကြောင့် မြေယာလျော် ကြေးပေးရန် မြေပိုင်ဆိုင်သည့် တောင်သူ ၂၈၃ ဦးအနက် ၂၁၄ ဦးကို မြေဧက ၃၃၃ ဒသမ ၈၁ ဧက အတွက် ၄ ဒသမ ၄၁၇ ဘီလီယံပေးလျော်ပြီးဖြစ်သည်ဟု ဆို သည်။ထို့အပြင် လျော်ကြေးငွေ လက်ခံခြင်းမရှိသေးသည့် ကျန်ရှိသော တောင်သူများကို သတ်မှတ် လျော်ကြေးပေးချေနိုင်ရေး ဒေသ ခံ လွှတ်တော်ကိုယ်စားလှယ်များ က တိုက်တွန်းညှိနှိုင်းပေးရန် ၎င်း က အမျိုးသားလွှတ်တော်သို့ တိုက်တွန်းပြောဆိုသည်။

‘‘မြေယာလျော်ကြေးတွေ ပြီးစီးသွားမယ်ဆိုရင် စီမံကိန်း လုပ်ငန်းများ စတင်နိုင်မှာဖြစ်ပြီး ဒီစီမံကိန်းကို သုံးနှစ်ခွဲအတွင်း ပြီးစီးအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

                ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး ပေ ၆၀၀ ခန့်ရှိသည့် တံတားတည်ဆောက်နိုင် ရေး စီမံကိန်းဧရိယာပါ မြေယာ များကို လျော်ကြေးငွေများ ပေး ဆောင်ရန် အလျင်အမြန်ဆောင် ရွက်နေကြောင်း ဦးကျော်လင်းက ပြောသည်။

              စက်တင်ဘာ ၅ ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၏ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ နောင် ချိုမြို့ရှောင်လမ်း စီမံကိန်း (သို့ မဟုတ်) ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်းစီမံကိန်းနှင့် စပ် လျဉ်းသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာ၌ ဆောက်လုပ်ရေး ဒုဝန်ကြီးက ထည့်သွင်းပြောဆို သည်။

‘‘တံတားကြီးပြီးစီးသွားရင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး နဲ့အပြိုင် တွေ့မြင်ရမှာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်မယ့် လမ်းကြောင်း ဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။

               ဂုတ်တွင်းလမ်းပိုင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရာတွင် အရေးပါသော မန္တလေး-လားရှိုး-မူဆယ် လမ်းမ ကြီးပေါ်၌ တည်ရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ် နေသည်။

Local Infrastructure and Zones Read 67 times