နိုင်ငံတကာအဆင့်မီစက်မှုမြို့တော်စီမံကိန်းတစ်ခုနေပြည်တော်မှ ၂၅မိုင်ခန့်အကွာတွင်ဖော်ဆောင်မည်


03 November, 2020

နေပြည်တော်တောင်ဘက်ကီလိုမီတာ၄၀(၂၅မိုင်)ခန့်အကွာပဲခူးတိုင်းဒေသကြီးမြောက်ဘက်စွန်း ရေတာရှည်မြို့ နယ်အတွင်းမြေဧက ၁၉၀၀အကျယ်အဝန်းနေရာတွင် နိုင်ငံတကာအဆင့်မီရေနီစက်မှုမြို့တော်စီမံကိန်းတစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်းပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှသိရသည်။

ယင်းစီမံကိန်းသည်အာရှအဝေးပြေးလမ်းမကြီး-၁နှင့် ယင်းစီမံကိန်းအဆုံးအရှေ့ဘက်ရှိရေနီဘူတာရုံတို့ကို ကားလမ်း၊ရထားလမ်းတို့ဖြင့်ဆက်သွယ်သွားလာရန်လွယ်ကူသောနေရာဖြစ်ကြောင်းလည်းသိရသည်။

လူဦးရေထူထပ်သောမြို့နယ်များဖြစ်သည့် လယ်ဝေး၊ရေတာရှည်နှင့်ပျဉ်းမနားတို့မှထောင်နှင့်ချီသောဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။    

စက်မှုမြို့တော်စီမံကိန်းမြေဖော်ထုတ်ရေးလုပ်ငန်းတွင် FMIမှ ၃၀ရာခိုင်နှုန်းထည့်ဝင်မြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ရေနီစီမံကိန်းပထမအဆင့်တွင်အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများ၊စက္ကူနှင့်ပျော့ဖတ်လုပ်ငန်း၊ ကုန်ပစ္စည်းပုံနှိပ်ခြင်းနှင့်ထုပ်ပိုးခြင်းလုပ်ငန်း၊ အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်းလုပ်ငန်းတို့ကဲ့သို့အသေးစားစက်မှုလုပ်ငန်းများအားနေရာချထားနိုင်ရန်ဒီဇိုင်းရေးဆွဲ ထားပြီးထိုနေရာတွင် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင်အခြေခံအဆောက်အအုံနှင့်ဝန်ဆောင်မှုလုပ်ငန်းများကိုနိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းထုတ်လုပ် သည့်ကုမ္ပဏီများ၏လိုအပ်ချက်များအတွက်အထောက်အကူပေးနိုင်ရန် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရေး၏ ပင်မစီမံကိန်းကိုနိုင်ငံတကာစံချိန်မီစက်မှုဇုန်ဖြစ်လာစေရန် နိုင်ငံတကာကျွမ်းကျင် ပညာရှင်များအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Source:Pyi Myanmar

Factory and Industrial Plant Read 157 times