ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် မြို့ပြင် ၁၁ မြို့နယ်တွင် စက်ရုံများထူထောင်မည့်အဆိုတစ်ရပ်ကို အတည်ပြုလိုက်ပြီးဖြစ်ပြီး ၎င်းတွင် မြို့သစ်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ်ရှိရာ ၃၃ မြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် စက်မှုဇုန် ၂၉ ခုရှိရာ လက်ရှိ မြန်မာနိုင်ငံ၏ စက်မှုဇုန် စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကို ရန်ကုန် တိုင်းဒေသကြီးက ပိုင်ဆိုင်ထားပြီး ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းကိုလည်းကောင်း၊
အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလီယံကို လည်းကောင်း၊ ဂျီဒီပီ၏ ၂၃ ရာခိုင်နှုန်းကိုလည်းကောင်း အသီးသီးပိုင်ဆိုင်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ဧရိယာပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တွေထူထောင်ခြင်းဟာ ရန်ကုန်မြို့တော်မှာလက်ရှိဖြစ်ပေါ်နေတဲ့ဆိုးကျိုးများကို
အထိုက်အလျောက်လျော့နည်းအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောခဲ့ပါသည်။
" နိုင်ငံတကာအဆင့်မီစက်မှုဇုန်များထူထောင်ဖို့ စီမံကိန်းအစီရင်ခံစာမှာ မြို့နယ် ၁၁ မြို့နယ်လုံးအတွက် တင်ပြခဲ့ရခြင်းမှာ ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့
ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံဖို့ နေရာဒေသအစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေရန်လည်းကောင်း၊ ဒေသခံပြည်သူများအနေနဲ့ဖြင့်လည်း မိမိဒေသကိုချန်လှပ်ခဲ့ခြင်းမျိုးမဖြစ်ပေါ်စေရန်လည်းကောင်း ရည်ရွယ်ပြီးတင်ပြခဲ့ရခြင်းဖြစ်ပါတယ် "လို့ ၎င်းကပြောခဲ့ပါသည်။
ရန်ကုန်မြို့ပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော်ခြင်းဟာ ၎င်း ၁၁ မြို့ နယ်အတွင်းမှာနေထိုင်တဲ့ ဒေသခံပြည်သူများရဲ့အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနဲ့
ဝင်ငွေတိုးတက်ရရှိလာတာနဲ့အမျှ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝအခက်အခဲများကို ဖြေရှင်းနိုင်အောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် ၄၅ မြို့နယ်ရှိပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် ၄၄ မြို့နယ်ရဲ့ဧရိယာ အကျယ်အဝန်း ဟာ ၁၀,၂၃၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိ ၃၃ မြို့နယ်ရဲ့ အကျယ်အဝန်းရဲ့ ၁၂ ဆနီးပါးခန့် ပိုမိုကျယ်ဝန်းတာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက်များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။
သည် ၃၃ မြို့နယ်မှာသာစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများကို အများစုလုပ်ကိုင်နေတဲ့အတွက် ကျန်ပြင်ပ ၁၁ မြို့နယ်နဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ ကွာဟနေတယ်လို့ သိရပါတယ်။
မြို့သစ်စီမံကိန်းအရ ရထားလမ်း၊ ကား လမ်းများနှင့်အခြေခံအဆောက်အဦများ တည်ဆောက်မည့် အစီအစဉ်ကောင်းများကိုလည်းရေးဆွဲလျက်ရှိကြောင်း သိရသည်။