ရန်ကုန်အထူးကုဆေးရုံသစ်ကြီးတွင် ခုတင်-၃ဝဝကျော်ဆံ့သော ခုနှစ်ထပ် အဆောက်အအုံတည်ဆောက်မည်


22 November, 2020

ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖြစ်ခုတင်-၃ဝဝ ကျော်ဆံ့မည့် ခုနှစ်ထပ် အဆောက်အအုံ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းကို

ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး ၂ဝ၂၁ခုနှစ် နှစ်ဦးပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ သိရသည်။

ဆေးရုံတည်ဆောက်ရန် ဂျပန်နိုင်ငံ အစိုးရ၏အကူအညီဖြင့် ဂျပန်ယန်းငွေ ၈ ဒသမ ၆၆၁ ဘီလီယံကိုလည်းကောင်း၊မြန်မာနိုင်ငံအစိုးရဘက်မှ ငွေကျပ် ၄၂ ဘီလီယံကိုလည်းကောင်းကျခံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံသစ်ကြီးကို ရန်ကုန်သူနာပြုတက္ကသိုလ် နှင့် ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်ကြီးအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ယင်းဆေးရုံသစ်ကြီး တွင်

နှလုံးရောဂါကုသရေးဌာန၊နှလုံးခွဲစိတ်ကုသရေးဌာန၊ဦးနှောက်နှင့် အာရုံကြောကုသရေးဌာန၊ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသရေးဌာနများကို အဓိကထားဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး   ခုတင်-၂ဝဝဝဆံ့ ဆေးရုံဖြစ်ကာ ယခုဆောက်လုပ်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ၏ မျက်နှာချင်းဆိုင်တွင်

ခုတင်-၅ဝဝဆံ့ဆေးရုံကြီးနှင့် ယင်းအနီးတွင်ပင် ခုတင်-၂၅ဝ ဆံ့ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံလည်း ရှိကြောင်း သိရသည်။

Local Read 40 times