ထူးခြားလှသည့် ပလတ်စတစ်အိမ်


13 November, 2020

ထူးထူးခြားခြား စိတ် ၀င်စားရသည်မှာ ပလတ်စတစ်အိမ် ဖြစ်သည်။

သစ်သားအစား ပလတ်စတစ်သား ဖြင့် အသုံးပြုထားသဖြင့် wood plastic ဟု အမည်တွင်သည်။ အကယ်စင်စစ် သစ်သားနှင့် ပတ်သက်သော ပစ္စည်း လုံးဝမပါ၀င်ဘဲ ပလတ် စတစ်သက်သက်သာ ဖြစ်သည်။

ယခုလို သစ် သားအစား ပလတ်စတစ်သားကို အသုံးပြုခြင်း ကြောင့် အားသာချက်များ ရှိနေသည်။

သစ်သားသည် ရေကြီးရေလျှံသည့်အခါ ၌ ဖြစ်စေ၊ လေထုထဲ စိုထိုင်းဆ မြင့်မားသော အခါ၌ ဖြစ်စေ ရေကို စုပ်ယူသည်။

စိုထိုင်းသွား ပြီး နှစ်ကာလကြာသည့်အခါ ဆွေးမြေ့သည်။ ပုံပျက်ယွင်းသည်။ ထို့အပြင် ပွခြင်းကျုံ့ခြင်းများ လည်း အနည်းနှင့်အများ ဥတုသုံးလီ တစ်လျှောက်လုံး အမြဲ ဖြစ်ပေါ်နေသည်။

မိုးတွင်းရောက်လျှင် ကျည်းဘောင်နှင့် တံခါး ရွက် ကျပ်နေပြီး အံဝင်ခွင်ကျ ပိတ်မရသည်ကို ကြုံရတတ်သည်။

သစ်အစားထိုး ပလတ်စတစ် တွင် ထိုသို့ ဖြစ်စရာ အကြောင်းမရှိချေ။ ရေကို စုပ်ယူခြင်း မရှိသည့်အပြင် ရေကို လုံအောင် ကာပေးထားနိုင်စွမ်း ရှိနေသည်။

ခြအပါအဝင် ပိုးမွှားဒဏ်ကြောင့် သစ်သား ထည်သည် ပျက်စီးရသော်လည်း ပလတ်စတစ် မှာ ထိုသို့သော ဘေးရန်ကို ပူပန်ရန်မလိုချေ။

သို့ဖြစ်ရာ သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင် သည်။ ယခု သစ်အစားထိုး ပလတ်စတစ်ကို ထုတ်လုပ်သည့် TUN PLASTIC INDUSTRIES မှ ၎င်း၏ ထုတ်ကုန် ပလတ် စတစ်ထည်များကို ၁၅ နှစ်အထိ အာမခံပေးကြောင်း သိရသည်။

သစ်သားထည်သည် သစ်သားအရောင် ကိုသာ ရရှိစေမည်ဖြစ်ပြီး အခြားအရောင်ဖြစ်ရန် သုတ်ဆေး သုတ်ပြီး အရောင်ခြယ်ရသည်။

ပလတ်စတစ်ထည်မှာ မိမိလိုချင်သည့်အရောင် ကို ရွေးချယ် သုံးစွဲနိုင်သည့် အားသာချက် ရှိနေ ပေသည်။

သစ်သားထည်ကို အသုံးပြုခြင်းကြသည် သဘာဝသစ်တောကို ပြုန်းတီးစေပေသည်။ ပလတ်စတစ်ထည်သည် သစ်တောကို ဒုက္ခ မပေးချေ။ ဂေဟစနစ်ကို မဖျက်ဆီးချေ။

မီးဘေးအတွက်လည်း ယခု ပလတ်စတစ် ထည်သည် မီးစွဲလွယ်ခြင်း မရှိချေ။ မီးလောင်မှု ကာကွယ်ခြင်း အဆင့် B အထိ ရှိကြောင်း သိရ သည်။

မီးလောင်လျှင် အလိုအလျောက် မီးငြိမ်း မည်ဖြစ်ပြီး မည်သည့်အဆိပ်ငွေ့မှ ထွက်ပေါ် ခြင်းမရှိကြောင်း သိရသည်။

အသံကာအား မြင့်မားသဖြင့် ပြင်ပမှ ဆူ ညံသံများကို တားဆီးပေးထားနိုင်မည်ဖြစ်သည်။

TUN WPC & PLASTIC INDUSTRIES လုပ်ငန်းရုံးခန်းတည်ရာလိပ်စာမှာ ၁၁ အောင် မင်္ဂလာလမ်း ကျောက်မြောင်း တာမွေမြို့နယ် ရန်ကုန်မြို့(ဖုန်း ၉၅၉၅၁၇၇၇၁၈) ဖြစ်သည်။

Tips Read 50 times