AccorHotels ဟိုတယ်လုပ်ငန်းစုနှင့် LP Holding တို့ပူးပေါင်းပြီး ဟိုတယ်သစ်သုံးလုံး ဖွင့်လှစ်မည်


02 November, 2020

 

မြန်မာနိုင်ငံတွင်ဟိုတယ်သစ်သုံးခုဖွင့်လှစ်လုပ်ကိုင်ရန်ပူးပေါင်းသဘောတူစာချုပ်တစ်ရပ်ကို ပြင်သစ်ဟိုတယ်လုပ်ငန်းစုကြီးဖြစ်သည့် AccorHotels နှင့် LP Holding တို့အကြားလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ယင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့်အတူမြန်မာနိုင်ငံတွင်ယခုနှစ်အတွင်း Mercure Mandalay Hill Resort ဟိုတယ်ဖွင့်လှစ်မှုနှင့်အတူယခုနှစ် ၂၀၁၇ နှင့် ၂၀၂၀ တို့တွင်အသီးသီးဖွင့်လှစ်ရန်ရှိနေသည့် Pullman Yangon Centrepoint ဟိုတယ်နှင့် mandalay Hill Resort MGallery by Sofitel ဟိုတယ်တို့ဖွင့်လှစ်မှုတို့ကိုပါတွေ့မြင်ရရန်ရှိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်းအရေးယူပိတ်ဆို့မှုများရုတ်သိမ်းခံရပြီးကတည်းက အရှေ့တောင်အာရှတွင်ခရီးသွားများ လာရောက်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ယခုလိုယင်းဟိုတယ်သုံးခုဖွင့်လှစ်ခြင်းကလည်း ခရီးသွားများအတွက်နောက်ထပ်ရွေးချယ်စရာများ ထပ်မံတိုးပွားလာစေရန်ရှိနေခြင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင်ခရီးသွားလုပ်ငန်းများမှာမြန်မာ့စီးပွားရေးအပေါ်အဓိကထောက်ကူဖြည့်ဆည်းပေးနိုင်ခဲ့ပြီး လုပ်ငန်းပိုင်းဝင်ငွေရရှိမှု ၁၉ ရာခိုင်နှုန်းထိမြင့်တက်ထားခဲ့ကြောင်းသိရပါသည်။

imyanmarhouse

Hospitality Local Read 90 times