ဇူလိုင်၃၁ရက်ထိ ထပ်တိုးထုတ်ယူခွင့်ပြုထားသောတန်ဖိုးနည်းအိမ်ရာလျှောက်လွှာများ


02 November, 2020

 

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှရောင်းချမည့်တန်ဖိုးနည်းအိမ်ရာများကိုဝယ်ယူလိုသူများသည်လျှောက်လွှာ များအား ဇူလိုင်၃၁ရက်အထိထပ်တိုးထုတ်ယူခွင့်ပြုထားကြောင်းသိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည်အိမ်ခန်းလျှောက်လွှာများကိုဇူလိုင်၁၀ရက်မှ၂၁ရက်အထိသက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးများတွင်ထုတ်ယူခွင့်ပြုထားပြီးလျှောက်ထားသူများပိုမိုဝယ်ယူနိုင်ရန်ရက် ထပ်မံတိုးမြှင့်ပေးထားကြောင်းသိရသည်။

ယင်းတန်ဖိုးနည်းအိမ်ရာများဖြစ်သောဒဂုံ(ဆိပ်ကမ်း)မြို့နယ်ယုဇနအိမ်ရာအပိုင်း(၁)၊(၂)နှင့်ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရွှေလင်ပန်းအိမ်ရာတို့ရှိအိမ်ခန်းများမှအိမ်ခန်းပေါင်း၉၀၀ခန့်ကိုသြဂုတ်၁ရက်တွင်စတင် ဝယ်ယူနိုင်မည်ဖြစ်ဖြစ်သော်လည်းအိမ်ပိုင်မရှိသူများကိုသာရောင်းချပေးမည်ဖြစ်ပြီးလိမ်လည်ဝယ်ယူလျှင် ဝယ်ယူမည့်အိမ်ခန်းတန်ဖိုး၏၅ရာခိုင်နှုန်းကိုဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

လူတစ်ဦးလျှင်အများဆုံးတစ်ခန်းသာဝယ်ယူနိုင်မည်ဖြစ်ပြီးနိုင်ငံ့ဝန်ထမ်းဖြစ်လျှင်အနည်းဆုံးလုပ်သက်ငါးနှစ် ရှိရမည်ဖြစ်ကြောင်းသိရသည်။

တိုက်ခန်းများရောင်းချရာတွင်ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးဘဏ်(CHDB)တွင် တိုက်ခန်းများဝယ်ယူရန် စုငွေပြည့်သူများအားအစဉ်အတိုင်းရောင်းချပေးမည်ဖြစ်ပြီးအိမ်ခန်းတန်ဖိုးများကိုငွေကျပ်၉၈သိန်းမှ ၁၃၅သိန်း အထိမြေညီထပ်၊ပထမထပ်၊ဒုတိယထပ်နှင့်တတိယထပ်စသည်ဖြင့် အထပ်အလိုက်ဈေးနှုန်းခွဲခြားသတ်မှတ် ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

ယခုချိန်တွင်တိုက်ခန်းဝယ်ယူရန်ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်ငွေစုထားသူများတွင် ၃၀ရာခိုင်နှုန်းပြည့်သည့်ဦးရေ၁၀၀၀ကျော် အထိရှိကြောင်းသိရသည်။

Myawadi newspaper

Local Public Housing Read 109 times