အဆင့်မြင့် ကမ်းခြေသစ် ဖော်ဆောင်ရေး စီမံကိန်း


06 December, 2020

 နိုင်ငံတကာအဆင့်မီ ကမ်းခြေခရီးသွားဒေသတစ်ခုဖြစ်လာစေရန် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ နှစ်ခုကြားတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဖော်ဆောင်လျက်ရှိသော Kangyi Paradise အဆင့်မြင့်ကမ်းခြေသစ်ဖော်ဆောင်ရေး စီမံကိန်းသည် ယခုအခါတည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း Kangyi Paradise တည်ဆောက်ရေးအထွေထွေ မန်နေဂျာထံမှ သိရသည်။

            ယခုတည်ဆောက်နေသော အဆင့်မြင့် ကမ်းခြေသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၏ကမ်းခြေအလှတည်ဆောက်မှုကို မှီငြိမ်းထားပြီး ဂျပန်နိုင်ငံလို လှပသောကမ်းခြေသစ်တစ်ခု မြန်မာနိုင်ငံတွင် ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်းသိရသည်။စီမံကိန်းပြီးစီးသွားလျှင် ပြည်တွင်းပြည်ပခရီးသွားများအတွက် ခရီးသွားဒေသနေရာသစ်တစ်ခု ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

            စီမံကိန်းပထမ အဆင့် အနေဖြင့် Kangyi Paradise Resort & Boat Club တည်ဆောက်ရေးစီမံကိန်းသည် မြေသုံးဧကပေါ်တွင် နိုင်ငံတကာအဆင့်မီကြယ်သုံးပွင့် အဆင့်ရှိ နှစ်ထပ်(Block) အဆောက်အအုံ ခုနှစ်လုံးကို တည်ဆောက်မည်ဖြစ်ပြီး အခန်း ၁ဝဝ ကျော်ပါဝင်မည်ဖြစ်သည်။အခန်းအမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ်ပြီး အကျယ် ၄၃၅ စတုရန်းပေ နှင့်၈၆၄ စတုရန်းပေ နှစ်မျိုးရှိသည်။


           Sea view ကို တိုက်ရိုက်ခံစားရမည့် ပင်လယ်နှင့်အနီးဆုံးမှာ အိမ်ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး သဘာဝအငွေ့အသက်ကို တဝကြီးရရှိမှာဖြစ်သည်။ ထို့အပြင် Swimming pool ၊ Family KTV Rooms ၊ Bar & Restaurant ၊ Carparking ၊ GYM ၊ Massage ၊ Sea View ၊ Fully Furnished & Fully Decorated စသည့် Facilities များစွာ စီမံကိန်းတွင် ပါဝင်မည်ကြောင်း သိရသည်။

          ယခုအခါ  Kangyi Paradise Resort & Boat Club တည်ဆောက်ရေးစီမံကိန်းအပိုင်းတွင် အဆောက်အအုံ block ခုနှစ်လုံးရှိရာ Block(1)သည် ၄ဝရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်သည်။

            ထိုစီမံကိန်းတွင် လုံးချင်းအိမ်ရာများကို စိမ်းလန်းမြေများပေါ်တွင် ပုံစံတူဒီဇိုင်းများဖြင့်လှပစွာတည်ဆောက်မည်ဖြစ်ပြီး စားသောက်ဆိုင်၊ကားပါကင်၊ကလေးကစားကွင်းနှင့် တင်းနစ်ကွင်းများပါဝင်မည့်အပြင် ကမ်းခြေနှင့် ပင်လယ်ကမ်းစပ်တစ်လျှောက်တွင် စိတ်လှုပ်ရှားဖွယ်ရာ ရေလှိုင်းစီးခြင်း၊ရေပေါ်ဆိုင်ကယ်စီးခြင်း၊မြင်းစီးခြင်း၊ရေပေါ်ရှပ်ပြေးယာဉ်အမျိုးမျိုးစီးခြင်း၊Boat အမျိုးမျိုးစီးခြင်းနှင့် တခြားကစားနည်းမျိုးစုံကို ကမ်းခြေတစ်လျှောက်တွင် ကိုယ်လက်လှုပ်ရှားကစားနိုင်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

Residential Read 76 times