ရန်ကုန်မြို့၏အဓိကစီးပွားရေးဇုန်တစ်ခုဖြစ်လာမည့်သီလဝါနှင့် ပဲခူးငါးမြို့နယ် တိုက်ရိုက်ကူးလူးသွားလာနိုင်မည့် အဝေးပြေးအဆင့်မြင့်လမ်းမကြီးကိုလာမည့်၂၀၁၈ခုနှစ်ဧပြီလတွင်စတင်အကောင်အထည်ဖော်ဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအဆင့်မြင့်အဝေးပြေးလမ်းမကြီးကိုဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးအဖွဲ့မှဦးစီးပြီးAsia DevelopmenBank(ADB)၏ကူညီထောက်ပံ့ပေးမှုဖြင့်၂၀၁၈ခုနှစ်ဧပြီလတွင်စတင်အကောင်အထည်ဖော်ဆောက်လုပ်မည်ဖြစ်သည်။
လမ်းမကြီးအဆင့်မြှင့်အကောင်အထည်ဖော်ပြီးစီးပါကရန်ကုန်မြို့တွင်းယာဉ်ကြောကျပ်တည်းမှုကိုဖြေလျှော့ပေးနိုင်ခြင်း၊ခရီးအကွာအဝေးကိုတိုတောင်းစေခြင်း၊ကုန်သွယ်စီးဆင်းမှုမြန်ဆန်စေခြင်း၊ခရီးစဉ်မှအချိန်ကုန်သက်သာစေခြင်းတို့ကြောင့်မြန်မာနိုင်ငံတစ်ဝန်းကုန်သွယ်စီးဆင်းမှုမှာယခုထက်ပိုမိုလျင်မြန်မည်ဖြစ်သည်။
လမ်းမကြီးပေါ်ရှိမြို့ကြီးများမှာလည်းစီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးစသည့်ကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီးဒေသခံပြည်သူများကလည်းယင်းလမ်းမကြီးစတင်ဖောက်လုပ်မှုကိုမျှော်လင့်နေကြကြောင်းသိရသည်။
ထို့ပြင်လမ်းမကြီးအဆင့်မြင့်တင်ရာတွင် အခြားမြို့များမှာ မြို့ရှောင်လမ်းမရှိသောကြောင့် အခက်အခဲများနှင့် ကြုံနေရသောကြောင့် မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်းလွှတ်တော်ကိုယ်စားလှယ်မှထပ်မံဖြည့်စွက်မေးမြန်းခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်-သီလဝါသို့ဆက်သွယ်သောအဝေးပြေးလမ်းမကြီး ဖောက်လုပ်မည်ဆိုပါကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သုံးခွမြို့အား မြို့ရှောင်လမ်းသစ်တစ်ခုကိုသင့်တင့်လျောက်ပတ်သည့်နေရာမှဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Myanmaralin newspaper