အလုံမြို့နယ်တွင် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရန် ကုမ္ပဏီများကို ရွေးချယ်


11 December, 2019

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ မြေဧရိယာ ၆ ဒသမ ၉၈၂ ဧကတွင် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရန် Green Urban Ventures Co.,Ltd ကို ရွေးချယ်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဗဟိုလမ်းအှတ် (၂၄-အေ)ရှိ  ၆ ဒသမ ၉၈၂ ဧကတွင် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း (Urban Redevelopment Project) ဆောင်ရွက်ရန်အတွက် BOT စနစ်ဖြင့် ဆောင်ရွက်နိုင်သည့် ပြည်တွင်း / ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှ ကြော်ငြာဖိတ်ခေါ်ခဲ့ရာ ကုမ္ပဏီရှစ်ခုမှ စိတ်ဝင်စားမှု အဆိုပြုလွှာ ပြန်လည်တင်ပြလာခြင်း ဖြစ်သည်။

တင်ပြလာသော ကုမ္ပဏီရှစ်ခုအနက် စီမံကိန်း Function များပြည့်စုံမှု၊ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိမှု၊ ငွေကြေးအကျိုးအမြတ်တို့အပေါ်မှုတည်၍ အမှတ်အများဆုံးရရှိသည့်  Green Urban Ventures Co.,Ltd အား ရင်းနှီးမြှုပ်နှံဆောင်ရွက်သူ Preferred Developer အဖြစ် ၂၀၁၉ ခုနှစ် မတ်၁၃ ရက်တွင် ကျင်းပသော ဦးဆောင်ကော်မတီအစည်းအဝေးမှ ရွေးချယ်ထားပြီးဖြစ်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားပါ သည်။

Local Read 52 times