လေယာဉ်ကွင်းစံချိန်စံညွှန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး မှ ဟံသာဝတီလေဆိပ် စီမံကိန်းကို လက်ရှိတင်ဒါရထားတဲ့ ကုမ္ပဏီက ဆက်မလုပ်လို့ ရပ်နားထားရတယ်ဆိုတာနဲ့ ပတ်သက်ပြီးရှင်းပြ ပေးထားခြင်းဖြစ်သည်။
ဟံသာဝတီလေဆိပ်အတွက် လက်ရှိလုပ်နေတာမှာ နှစ်ပိုင်းရှိသည်။တစ်ပိုင်းက အစိုးရကလုပ်မယ့်အပိုင်း၊ အစိုးရကလုပ်မယ့် အပိုင်းဆိုတာမှာက Air Site မှာရှိတဲ့ အလုပ်တွေ၊ လေယာဉ်ပြေးလမ်း၊ လေယာဉ်သွားလမ်း၊ လေယာဉ်
ရပ်နားရာနေရာရှိသည်။ ပြီးရင် လေကြောင်း ထိန်းမျှော်စင်၊ Fire Station ရှိတယ်၊ Air Site မှာ တခြား navigation အထောက်အကူပြု ပစ္စည်းတွေ တပ်ဆင်တာတို့၊ ပြေးလမ်း မီးတွေ ထွန်းတာတို့
အစရှိတဲ့ ဟာတွေကိုဝန်ကြီးဌာနဘက် အစိုးရပိုင်းက တာဝန်ယူလုပ်ပေးရမည်။ အဲဒီအပိုင်းကို ODA ချေးငွေနဲ့လုပ်ဖို့ စီစဉ် ထားတယ်။ အဲဒါကအပိုင်း တစ်ပိုင်း။
အခုတင်ဒါအောင်ထားတဲ့ JGC Yongnam- (CAI) Changi Airport Group International အဲဒီအဖွဲ့ ကကြတော့ ခရီးသည်နားနေဆောင် Terminal အဆောက်အဦးတွေ ဆောက်မှာ၊
ပြီးတော့ ကားပါကင်ရှိမယ်၊ လမ်းတွေရှိမယ်၊ အစအဆုံး အကုန်လုပ်ရမှာ၊ ဟံသာဝတီအတွက်က မြေပဲရှိတာကိုအကုန်ဆောက် ရမှာဆိုတော့လေ။ ကုန်ကျစရိတ်က တင်ဒါတင်တုန်းက မှန်းခြေပဲရှိတာ။
အဲဒါကိုသေချာ ပြန်ပြီးတွက်လိုက်တဲ့အခါကြတော့ တကယ်တမ်း ကုန်ကျစရိတ်က သူတို့ တင်ဒါ စတင်တုန်းက မှန်းခြေနဲ့တော့ နည်းနည်း ကွဲနေတယ်။
အခုက ကြားထဲမှာ ပြန်ပြီး Feasibility Study ကလည်း လုပ်လိုက်သေးတာကိုး။ အဲဒီမှာအခက်အခဲစဖြစ်တာပဲ။ အဲဒါနဲ့ပဲရပ်နားဖို့ အထိ ဖြစ်လာတာပါ။
တင်ဒါစတင်တုန်းကမှန်းထားတဲ့ Internal Rate of Return ဆိုတာရှိတယ်။ အဲဒီ IRR ကိုသူတို့ဘက်က Framework စလုပ်တုန်းကပရော့ဂျက်ကုန်ကျစရိတ်ကအမေရိကန်ဒေါ်လာ 1445 နဲ့ IRR က ၁၆% လို့ မှန်းထားတာ။
ဒါပေမယ့် တကယ်တမ်း Feasibility Study လုပ်လိုက်တဲ့ တန်ဖိုးကအမေရိကန်ဒေါ်လာ ၂၀၂၃ မီလီယံ လောက်ရှိ နေရော။ အဲဒီ ၂၀၂၃ မီလီယံအတွက်သာဆိုရင် IRR က ၉% ပဲ ပြန် ရတော့မှာ။
ဒီတော့ သူတို့အတွက်မကိုက်ဘူး ဆိုပြီးတိုးသင့်တာတိုး၊ လျော့သင့်တာလျှော့လုပ်မယ်ဆိုပြီး ပြန်တွက်တာမှာ အဲဒီနဂို ၂၀၂၃ မီလီယံကနေ ၁၈၁၂ မီလီယံဖြစ် သွားတယ်။
အဲဒီတန်ဖိုးဆိုရင်တော့ IRR ပြန်ရချက်က ၁၁.၄% အထိတက်လာတယ်။ အဲဒီနောက်ဆုံးတွက်လိုက်တဲ့ ပရော့ဂျက်တန်ဖိုး ၁၈၁၂ မီလီယံအတွက်ဆိုရင် အစိုးရဘက်က ODA ချေးငွေ ၇၁၆ မီလီယံချေးပေးရမယ်၊
ကုမ္ပဏီဘက်က ၁၀၉၆ မီလီယံ တာဝန်ယူလုပ်ဆောင်ရမှာပါ။ ဒါတောင် သူတို့နဂိုမှန်းထားတဲ့ IRR ၁၆% လောက်ပြန်ရရမယ် ဆိုတာကိုမမီသေး ဘူး။
အခုပြန်တွက်လိုက်တဲ့ ၁၈၁၂ မီလီယံနဲ့ IRR ၁၁.၄% ရတယ်ဆိုတဲ့ဟာကို သေချာအသေးစိတ် Detail တင်ပေးဖို့ တောင်းဆိုတယ်။ အဲဒါကို ကုမ္ပဏီဘက်ကမပြပေးနိုင်ဘူး။
နောက်ပြီးတော့ စစချင်းသူတို့နဲ့ Framework မှာသဘောတူထားတာကစပြီးလုပ်တာကနေ ၂နှစ်အတွင်း နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ထွက်ရမယ်လို့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီမှာ ၂နှစ်ပြည့်သွားပေမယ့် စာချုပ်မထွက်နိုင်လို့ အခုလက်ရှိ ဟံသာဝတီလေဆိပ်စီမံကိန်းက အခုခဏ ရပ်ထားတယ်လို့ ပြောရမယ်။
အရင် သဘောတူလက်မှတ်ထိုးထားတဲ့ Framework မှာက ခေါင်းစဉ် တွေပဲပါတာလေ။ အသေး စိတ်အချက်အလက်တွေ မပါဘူး။
ကုမ္ပဏီ ဘက်ကလည်း IRR က မှန်းထားတာနဲ့မကိုက်လို့ သူ့အတွက် အလား အလာ မကောင်းနိုင်ဘူး၊ မအောင်မြင်နိုင်ဘူးဆိုပြီး ဆက်မလုပ် ချင်ဘူး။
ဒီစီမံကိန်းကိုရပ်နားလိုက်ရတဲ့ အဓိကအချက်များသည်ဆွေးနွေးတဲ့အခါမှာ ဒီစီမံကိန်းကိုရပ်လိုက်ရတဲ့ အကြောင်း အရင်း ၃ချက်ရှိတယ်။
နံပါတ် ၁ အချက်က ODA ချေးငွေကို အတိုးနဲ့ အရင်းကိုကုမ္ပဏီဘက်ကသူတို့ဆပ်ပေးမယ်လို့ Framework ထဲမှာ ပါပေမယ့် မျှော်မှန်းတဲ့ IRR မရရင်တော့ ဆပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောလာတယ်။
နံပါတ် ၂ က Terminal တည်ဆောက်မှု ကုန်ကျစရိတ် တွေကို အစိုးရဘက်က Third Party နဲ့ စိစစ်မယ်လို့ ပြောတာကို ကုမ္ပဏီဘက်က လက်မခံဘူး။
တကယ်တမ်းကသူတို့တင်ပြလာတဲ့ ကုန်ကျစရိတ်တွေ ကို လိုတာ၊ မလိုတာတွေ ပြန်ထိန်းညှိဖို့ပြောတာ၊ အဲဒါကိုသဘောမတူခဲ့ဘူး။
နံပါတ် ၃ အချက်ကအသေးစိတ်အချက်အလက် တွေကို Detail မပေးနိုင်တာပါ။ ဒါကြောင့် သူတို့နဲ့ဆက်ပြီးဆွေးနွေးဖို့ မဖြစ်နိုင်တဲ့ အဓိကအချက် ၃ချက်ကြောင့် ရပ်နားထား တယ်ပဲ ပြောရမယ်။
ဆွေးနွေးမှု ကိုသာ ရပ်နားထားခြင်းဖြစ်ပြီးပရော့ဂျက်ကိုတော့ ဆက်ပြီး လုပ်ဆောင်နေသေးတယ်။ အဲဒါကဂျပန်အစိုးရနဲ့ သွားနေတဲ့ အပိုင်းပါ။
ဒါကလည်း ဆွေးနွေးဆဲပဲ။ အဲဒီမှာအခက်အခဲက ရန်ကုန် လေဆိပ်ဖက်နဲ့ လေကြောင်းလိုင်းတွေ ဘယ်လို ခွဲမလဲဆိုတဲ့ အပိုင်းပါ။ ရန်ကုန်ကနေ လေယာဉ်တွေကိုရွှေ့မယ်ဆိုတာကလည်း အရင်ကတည်းက ရှိပြီးသားပါ။
ဒါပေမယ့် ရန်ကုန်လေဆိပ်ဘက်မှာ လုပ်နေတာကလည်း Private ဖြစ်တဲ့ Yangon Aerodrome ကုမ္ပဏီလေ။ ဒီတော့ လေဆိပ်သစ် ဖြစ်လာရင် ဘယ်လိုခွဲဝေကြမယ်ဆိုတာကို သေချာတော့ ဆွေးနွေးဖို့ လိုတယ်။
ရန်ကုန်လေဆိပ်အပိုင်းနဲ့ ပတ်သက်တာတွေကို ဆွေးနွေးလို့ ပြတ်ပြီဆိုတာနဲ့ ဂျပန်အစိုးရဘက်က ဟံသာဝတီလေဆိပ် ကုန်ကျစရိတ် အကုန်လုံးကို ODA ချေးငွေနဲ့ ချေးပေး မယ်လို့ပြောတယ်။
တစ်ခုရှိတာက သူတို့ဘက်ကဂျပန်ကုမ္ပဏီနဲ့တော့ လုပ်ရမယ်လို့ ပြောတယ်။
ဂျပန်ချေးငွေ ၁၀၀% နဲ့လုပ် ဖြစ်ရင်တော့ ဟံသာဝတီလေဆိပ်အတွက် ကုန်ကျစရိတ်က အရင် JGC Young Nam (CAI) ကုမ္ပဏီနဲ့ ပြောထားတဲ့ ၁၈၁၂ မီလီယံ မဟုတ်တော့ဘူး။
ကုန်ကျစရိတ်အသစ်ဖြစ်လာဦးမယ်။ ODA ချေးငွေ အတွက် အတိုးက ဝ.၀၁% ပါ။ ဒါကြောင့် အခုလက်ရှိ ဟံသာဝတီလေဆိပ် စီမံကိန်းက လုံးဝရပ်လိုက်တာမဟုတ်ဘူး။
အရင် Framework ရှိထားတဲ့ ကုမ္ပဏီနဲ့ပဲ ဆက်မလုပ်ဖြစ်တော့တာလို့ပြောရင် ပိုမှန်ပါတယ်။
ပရော့ဂျက်ကရပ်သွားတာမဟုတ်ပေမယ့် နည်းနည်းတော့ Delay ဖြစ်သွားတာပေါ့။
ဆက်လုပ်နေမှာပါ။ ဒါပေမယ့် ဘယ်အချိန်ပြီး မယ်ဆိုတာတော့ ပြောလို့မရတော့ဘူး။ ODA Process မြန်တယ်ဆိုရင် ပရော့ဂျက်စတာမြန်မယ်။
ပြီးတော့ ရန်ကုန်က Flight တွေနဲ့လည်း ညှိနှိုင်းရဦးမှာကိုး။ ရန်ကုန်လည်းအဆင်ပြေ၊ ဟံသာဝတီဘက်လည်း အဆင်ပြေမှ ဂျပန်အစိုးရ ကလည်းပရော့ဂျက်အောင်မြင်နိုင်မယ့် အလား အလာပေါ် မူတည်ပြီးဆက်သွားမှာကိုး။
ရန်ကုန်လေဆိပ်တိုးချဲ့တာနဲ့ မန္တလေးလေဆိပ်အတွက် Cargo တည်ဆောက်မှုတွင်ရန်ကုန်လေဆိပ်ကလည်း အကုန်လုံးမပြီးသေးဘူး။ ၂၀၁၉ ဖေဖော်ဝါရီလအထိ အချိန်ပေးထားတယ်။
အချိန် ၁၈ လတိုးပေးထားတာ။ ရန်ကုန်လေဆိပ်အတွက်က လေယာဉ်ရပ်နားနေရာတွေ ချဲ့နေတယ်။ မန္တလေးကတော့ ၂၀၁၇ မတ်လမှာ ပစ္စည်းတွေကို ပြင်ဆင်တာပြီးတယ်။
ဒါပေမယ့် မန္တလေးလေဆိပ်မှာ Cargo တည်ဆောက်တာကတော့ မပြီးသေးဘူး။ ၂၀၁၈ ဧပြီမှာစလုပ်တာဆိုတော့ ၂၀၁၉ မတ်လ မှာမှ အဲဒါကိုစသုံးနိုင်မယ်။
ဟဲဟိုးလေဆိပ်အတွက် တင်ဒါခေါ်ယူမှုတွင် ဟဲဟိုးအပါအဝင်လေဆိပ်အဆင့်မြှင့်တင်ဖို့ EOI ခေါ်ထား တာက လေယာဉ်ကွင်း ၃ကွင်းရှိတယ်။ ဟဲဟိုးရယ်၊ ကော့သောင်းရယ်၊ မော်လမြိုင်ရယ်ပေါ့၊ လေယာဉ်ကွင်းမရှိသေးတဲ့နေရာမှာ တည်ဆောက်ဖို့ အတွက်က မူဆယ် EOI ခေါ်ထားတယ်။
ဟဲဟိုး၊ ကော့သောင်း၊ မော်လမြိုင်လေဆိပ် ၃ ခုအဆင့်မြှင့် တင်ဖို့ ၂၀၁၇ ခုနှစ် ၉လပိုင်းမှာ ပထမဆုံး EOI စခေါ်တော့ ဟဲဟိုးကို စိတ်ဝင်စားတာ ကုမ္ပဏီ ၆၃ခုရှိတယ်။
မော်လမြိုင်အတွက်က ၄၇ ခု၊ ကော့သောင်းအတွက်ကကုမ္ပဏီ ၅၀ စိတ်ဝင်စားကြောင်းလာတင်တယ်။ အဲဒီထဲကမှ ပြန်တင်တာကဟဲဟိုးအတွက်က ၈ဖွဲ့၊ မော်လမြိုင်အတွက် ၄ဖွဲ့၊ ကော့သောင်း အတွက် ၈ဖွဲ့ လာတင်ထားတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ ၂၇ ရက်နေ့မှာကော်မတီကနေ EOI Qualify ဖြစ်တဲ့အဖွဲ့ ပြန်ရွေး တော့ ဟဲဟိုးအတွက် ၃ဖွဲ့၊ မော်လမြိုင် ၂ဖွဲ့နဲ့ ကော့သောင်းအတွက် ၄ဖွဲ့ ပြန်ရွေးဖြစ်တယ်။
ဟဲဟိုးအတွက် ရွေးခံရတာက KBZ Group of Co. , Htoo Construction, Robust Goal Construction Co. ဆိုတဲ့ သုံးခု၊ မော်လမြိုင်အတွက်က Hinthar Group Holding Co. နဲ့ Exera Limited တို့ပါတယ်။
ကော့သောင်းအတွက်က FMI Co. , GMR Greenland, Yangon Airport Group, Golden Myanmar Airline တို့ကို လတ်တလော ရွေးထားတယ်။ သူတို့တွေအားလုံးကတင်ဒါပြန်တင်ဖို့ လိုတယ်။
၂၀၁၈ သြဂုတ်လမှာတင်ဒါပြန်တင်ခိုင်းထားတယ်။
မူဆယ်ကလေဆိပ်မရှိသေးဘူး၊ မြေကွက်ပဲရှိတယ်။ လေယာဉ်ကွင်းသစ်ဆောက်ရမှာ။ မူဆယ်အတွက် EOI စခေါ်တာက ၂ဝ၁၇ နိုဝင်ဘာလထဲမှာပါ။ အဖွဲ့ ၃ဝ EOI စိတ်ဝင်စားတယ်။
ပြန်တင်တော့ ၁၂ ဖွဲ့ လာပြန်တင်ပါတယ်။ ၁၂ဖွဲ့ထဲကနေ အရွေးခံရတာက ၆ ဖွဲ့ရှိတယ်။
အဲဒီ ၆ ဖွဲ့က Golden Myanmar Airline, Myanmar Denso Co.Ltd, New Star Light Construction Co.Ltd, Asia World Co.Ltd, WIETC Myan-mar Zhengwei Technical Co.Ltd, Great Harkham Public Co.Ltd ဆိုတဲ့ ၆ဖွဲ့ပါ။
သူတို့ ၆ဖွဲ့အတွက် RFP က လာမယ့် မေလဆန်း မှာမှထွက်မယ်။ အဲဒါထွက်လာတဲ့ပေါ်မူတည်ပြီး သူတို့ ၆ ဖွဲ့လုံးက ပြန်တင်ရမှာပါ။