ဒလတံတားစီမံကိန်းအတွက် ထပ်မံလိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၂ဝ ကို (EDCF) ထံမှ ချေးငွေ ရယူမည်


01 March, 2020

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက

ဆောင်ရွက်လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းတိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF)ထံမှ အမေရိကန်ဒေါ်လာသန်း ၂၀ ချေးငွေ ရယူရေး နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက တံတားကြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အချိန် တိုအတွင်းဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ဒလမြို့သစ် စီမံကိန်းနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသဖွံ့ဖြိုး ရေးအတွက် အရေးပါသည့် တံတားကြီးဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုပါ ဒလတံတားမှတစ်ဆင့် ဧရာဝတီတိုင်းဒေသ ကြီးသို့လည်း ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးလမ်း မှတစ်ဆင့် အလွယ်တကူ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊

 

ထို့ကြောင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေးဒလတံတားကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အချိန်မီ ပြီးစီးနိုင်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများအား ဟန်ချက်ညီညီ နေ့၊ ညမပြတ်အချိန်ပြည့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ရေလမ်းကင်းလွတ်အကျယ် တိုးချဲ့ တည်ဆောက်ရေးအတွက် လိုအပ်သည့် အမေရိကန် ဒေါ်လာသန်း ၂၀ ကို EDCF ထံမှ ချေးယူမည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ချေးငွေရယူမည့် ကိစ္စကို လွှတ်တော်က အတည်ပြုပြီးသည့်အခါတွင် စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ချေးငွေ စာချုပ်ချုပ်ဆိုရန်အတွက် EDCF နှင့် ညှိနှိုင်းခြင်း၊ စာချုပ် လက်မှတ်ရေးထိုးခြင်း၊ စာချုပ်အသက်ဝင်ရန် ဆောင်ရွက် ခြင်း၊

 

သတ်မှတ်ချိန်အတိုင်း ချေးငွေထုတ်ယူရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှု၊ တိုးတက် မှု၊ အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုံမှန် အစီရင်ခံတင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

 

ထို့ကြောင့်ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့်ဒလတံတားစီမံကိန်း အတွက် ထပ်မံလိုအပ်သည့်အမေရိကန်ဒေါ်လာသန်း ၂ဝ ကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ထံမှ ရယူနိုင်ရေးကိစ္စအပေါ် တွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးပါ ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက က အဆိုပါချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘော တူကြောင်း ကြေညာသည်။

Local Read 47 times