ရန်ကုန်တိုင်းဒေသကြီးအတွင်းကျူးကျော်နေထိုင်သူများကိုနေရာချထားပေးရန်ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ရန်ဆောင်ရွက်နေကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောသည်။
ကျူးကျော်နေထိုင်သူများကိုစနစ်တကျနေရာချထားပေးရန်ဆောင်ရွက်မည်ဖြစ်သော်လည်းအမှန်တကယ် ကျူးကျော်နေထိုင်သူများကိုသာနေထိုင်ရန်စီစဉ်ပေးမည်ဖြစ်ပြီးလိမ်လည်လျှောက်ထားသူများကို စိစစ်အရေးယူမည်ဖြစ်ကြောင်း၎င်းကပြောသည်။
လက်ရှိကောက်ယူရရှိသောစာရင်းဇယားများအရရန်ကုန်တိုင်းဒေသကြီးအတွင်းကျူးကျော်နေထိုင်သူဦးရေ လေးသိန်းကျော်ခန့်ရှိနေကြောင်းရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောသည်။
ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသိမ်းဆည်းခံထားရသောလယ်ယာမြေများကိုလည်းပြန်လည်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။
အားလုံးကမျှော်မှန်းသလိုလယ်ယာမြေများပြန်လည်ရရှိရန်လည်းဆောင်ရွက်ပေးမည်။
သို့သော်သေသေချာချာစိစစ်ပြီးမှဖြစ်သောကြောင့်အချိန်ယူပြီးသေသေချာချာစိစစ်ရဦးမည်ဖြစ်ပြီးတချို့နေရာ များမှာလယ်ဧက ၄ဝဝ လောက်ကိုလျှောက်ထားသူလယ်သမားဦးရေက ၁,ဝဝဝ ကျော်လောက် ရှိနေပြီဖြစ်သည်။
imyanmarhouse