ပဲခူးမြို့တွင် ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်မီ လက်ကားဈေး တစ်ခုတည်ဆောက်မည်


27 October, 2020

ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ကလိကျေးရွာအနီးရန်ကုန်-မန္တလေးကားလမ်းနှင့်မြို့ရှောင်လမ်းထောင့်တွင် နိုင်ငံတကာအဆင့်မီလက္ကားဈေး(Whole Sale Center) တစ်ခုကိုယခုနှစ်မတိုင်မီတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်မည့်ပဲခူးမြို့သည်နောင်တွင်ကုန်စည်စီးဆင်းမှုများပိုမိုများ ပြားလာမည်ဖြစ်ပြီးလူဦးရေများပြားလာမည်ဖြစ်သောကြောင့်ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် ယင်းလက္ကားဈေးကိုမြို့ပြင်ဘက်တွင်တည်ဆောက်ရန်စီစဉ်နေကြောင်းသိရသည်။

ယင်းလက္ကားဈေးကိုဆောက်လုပ်ရန်ရန်ကုန်မြို့တွင်းတွင်အဆင့်မြင့်ဈေးများ၊Super Marketများဆောက်လုပ် သည့်အတွေ့အကြုံရှိကုမ္ပဏီတစ်ခုမှတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

စားသောက်ဆိုင်များ၊ဟိုတယ်များ၊ယာဉ်ရပ်နားစခန်းငယ်များ၊ ယာဉ်အစီးရေ ၇၀၀ ထိရပ်နားနိုင်သောကားပါကင်၊ ၁၅ပေxပေ ၄၀(၁၂ ခန်းတွဲ) ၁၉ လုံး၊ ၁၅ ပေxပေ ၄၀(၁၀ ခန်းတွဲ) နှစ်လုံး၊ ၁၅ပေxပေ၄၀(၂၄ ခန်းတွဲ)တစ်လုံးစုစုပေါင်းဆိုင်ခန်း ၂၇၂ ခန်းပါဝင်မည့် ယင်းနှစ်ထပ် Whole Sale Center ကို ၁၈ လနှင့်အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

Source:Pyimyanmar journal

Infrastructure and Zones Read 37 times