တင်ဒါလုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏ အကျိုး၊မိမိ အကျိုးမျှတအောင် စဉ်းစား၍ တင်ဒါလုပ်ငန်းရရှိမှုအပေါ်အဓိက မထားပဲ
မိမိကုမ္ပဏီမှ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးကိုသာ အဓိကထားဆောင်ရွက်သင့်ကြောင်း၊အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ သုံးသပ်ထားသည်။
အစိုးရ၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရန်ပုံငွေလေလွင့်မှု မရှိစေရန် နှင့်
ရေရှည် အကျိုးဖြစ်ထွန်းစေရန် အတွက် လုပ်ငန်းများ စံချိန်စံညွှန်း နှင့် အညီ တွက်ချက်၍ အခိုင်အမာတည်ဆောက်ဆောင်ရွက်သင့်ကြောင်း၊ကုမ္ပဏီများအနေဖြင့် တင်ဒါအောင်မြင်လိုမှုကိုသာ အလေးထားပြီး
လုပ်ငန်းအင်္ဂါရပ်မပြည့်မီသော အချက်အလက်များဖြင့် Estimateများ မှားယွင်းစွာ တွက်ချက်ခြင်း၊ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်မှုအားနည်းခြင်းစသည်အချက်များကြောင့် တည်ဆောက်ရေးလုပ်ငန်းမာျး အချိန်မီ
မပြီးစီးခြင်း နှင့် အရည်အသွေးမပြည့်မီခြင်းများ ဖြစ်ပေါ်မှုများ ရှိနေကြောင်း၊တင်ဒါ လုပ်ငန်းမာျး ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏ အကျိုး၊မိမိ အကျိုးမျှတအောင် စဉ်းစား၍ တင်ဒါလုပ်ငန်းရရှိမှုအပေါ်
အဓိကမထားပဲ မိမိကုမ္ပဏီမှ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးအား အဓိက ထားဆောင်ရွက်သင့်ကြောင်း သုံးသပ်သည်။
ထို့ပြင် လမ်းတံတားများနှင့် အဆောက်အအုံမာျး ဆောက်လုပ်ရာတွင် မြေပြင်တွင် ကုမ္ပဏီများ၏ အကောင်အထည်ဖော်မှုကို အဆင့်တိုင်းတွင် ကြပ်မတ်စစ်ဆေးသင့်ကြောင်း၊မစစ်ဆေးဘဲ QC လက်မှတ်ထိုးပေးနေခြင်းများအား
စစ်ဆေးပေါ်ပေါက်ပါကလည်း ထိရောက်စွာ အရေးယူသင့်ကြောင်းကော်မတီ မှ အကြံပြုထားသည်။
ကော်မတီ၏ အစီရင်ခံစာတွင် ကျေးလက်လမ်းများ ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအပြောင်းအလဲလုပ်ငန်းတွင် ကုမ္ပဏီများအပေါ်
ထိန်းသိမ်းကြပ်မတ်မှု အားနည်း ခဲ့သည်ကို သုံးသပ်မိသည်။
ရေဖြူမြို့နယ်၊ဇာဒီ-ခေါင်ပြန်၊ထွက်ဝလမ်းတွင် နိုင်ငံတော် ဘတ်ဂျက်ဖြင့် လမ်းခင်းပြီးနေရာအား JICA အစီအစဉ်ဖြင့် လမ်းခင်းရန် ထပ်မံချထားပေးခြင်းမှာ အခြားခက်ခဲသော နေရာများသို့ မငဲ့ညှာရာရောက်စေကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီများ၏ အကောင်အထည်ဆောင်ရွက်ပြီးစီးမှု အရည်အသွေးပိုင်း တို့ကို ယခုထက်ပို၍ ကြပ်မတ်ရန်လိုအပ်ကြောင်း ဖော်ပြထားကြောင်း သိရသည်။