အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာကိုးသိန်းထပ်မံထုတ်ချေးမည်


16 November, 2020

မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာကိုးသိန်းထပ်မံထုတ်ချေးပေးမည်ဟု Hayman Capital အသေးစားချေးငွေလုပ်ငန်းမှ သိရသည်။

ချေးငွေများကို အသေးစားစီးပွားရေးလုပ်ငန်းများ၊စွန့်ဦးတီထွင်လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ ၃၅ဝဝခန့်အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Hayman Capital မှ CEOက မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှုအား မရနိုင်သေးသည့်ကျေးလက်ဒေသများတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ တိုးချဲ့ရန်ဖြစ်သည်။ပထမအကြိမ် ရယူခဲ့သော ဘဏ်ချေးငွေများသည် စီးပွားရေးလုပ်ငန်းထောင်ပေါင်းများစွာအပေါ်အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။

Hayman Capital အသေးစားချေးငွေလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမှ အသေးစားအလတ်စားလုပ်ငန်းများအတွက် ဒုတိယအကြိမ်မြောက်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

Hayman Capital သည်မလေးရှားနိုင်ငံအခြေစိုက် May-Bank မှ ပထမအကြိမ် ဘဏ်ချေးငွေအဖြစ်အမေရိကန်ဒေါ်လာတစ်သန်းနှင့် ညီမျှသော ချေးငွေအား မေလအတွင်း မှ ရယူခဲ့ကြောင်း သိရသည်။

ထိုု ဘဏ်ချေးငွေနှင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင် ၅ဝဝဝကျော်ကို ထုတ်ချေးခဲ့သည်ဟု သိရသည်။

Hayman Capital အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ၁ဝဝရာခိုင်နှုန်း စင်ကာပူအခြေစိုက် Hayman Capital Ptte.,Ltd မှ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီအဖြစ် ၂ဝ၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

၂ဝ၁၅ဇူလိုင်က စတင်၍ ချေးငွေထုတ်ချေးခဲ့သည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းလှည်းကူး၊အင်းစိန်၊သင်္ဃန်းကျွန်းနှင့် ပဲခူးတိုင်းမှ ပဲခူးမြို့နှင့် ညောင်လေးပင်မြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ်မည်ဖြစ်သည်။

လုပ်ငန်းစတင်ခဲ့သော ၂ဝ၁၅ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာငွေကျပ် ၂၃.၄၅ဘီလျံကို ထုတ်ချေးခဲ့ပြီးဖြစ်သည်။

လုပ်ငန်းရှင်တစ်ဦးကို ကျပ် တစ်သိန်းမှ သိန်း၅ဝအထိထုတ်ချေးပေးသည်ဟု သိရသည်။

Source:imyanmar House

Region Read 52 times