ငှားရမ်းခနှစ် ၃၀ ပေးရန်မလိုသောတိုက်ခန်းများဒဂုံဆိပ်ကမ်းမြို့နယ်တွင်ဆောက်လုပ်


02 November, 2020


ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျီစုရပ်ကွက်မှဆင်းရဲနွမ်းပါးသောဒေသခံနေထိုင်သူများအတွက် နှစ် ၃ဝ ငှားရမ်းခမဲ့ဖြင့် နေထိုင်နိုင်ရန်တိုက်ခန်း၁၂ဝ ကျော်ကိုဆောက်လုပ်ပေးခဲ့ကြောင်း UNHabitat မှ မြန်မာနိုင်ငံဆိုင်ရာစီမံကိန်းက ပြောသည်။

ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရဂျပန်နိုင်ငံအစိုးရ၏ ငွေကြေးအကူအညီဖြင့် UNHabitat မှအိမ်ခန်းပေါင်း ၁၈ဝ ပါဝင်သောရိုးမအိမ်ရာကိုအကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီးလက်ရှိ အချိန်တွင်စီမံကိန်းအပိုင်း(၁)မှ အခန်းပေါင်း ၁၂ဝ တည်ဆောက်ပြီးစီးခဲ့ကြောင်းသိရသည်။

ထိုတည်ဆောက်ပြီးစီးသောရိုးမအိမ်ရာ၊ စီမံကိန်းပထမပိုင်းမှတိုက်ခန်းများကို ဆင်းရဲချို့တဲ့သောဒေသခံများကို ဇူလိုင် ၂ ရက်မှစတင်ကာနေထိုင်ခွင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းမှတိုက်ခန်းများမှာတည်ဆောက် နေဆဲဖြစ်ကြောင်းမစ္စတာဘီဂျေးကပြောသည်။

အဆိုပါ တိုက်ခန်းများတွင်နေထိုင်ခွင့်ရရှိသော ဒေသခံများအနေဖြင့်တစ်ခန်းလျှင် ၃၅ဝ စတုရန်းပေရှိသော တိုက်ခန်းများတွင်အခကြေးငွေပေးရန်မလိုဘဲ နှစ် ၃ဝ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

သို့သော် နေထိုင်သူများအနေဖြင့်သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများကိုလိုက်နာရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါကနေထိုင်ခွင့်ရုတ်သိမ်းမည်ဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

အိုးအိမ်နှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်အရတည်ဆောက်ပေးသောအဆိုပါရိုးမအိမ်ရာစီမံကိန်းတွင် အဆင့်နှစ်ဆင့်ပါဝင်မည်ဖြစ်ပြီး ပထမပိုင်းစီမံကိန်းအရတိုက်ခန်း ၁၂ဝ ပါဝင်သောငါးထပ်တိုက် အဆောက်အအုံ ခြောက်လုံးကိုတည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်း ုတိယအဆင့်အတွက်တိုက် ခန်း ၆ဝ ပါဝင်သောငါးထပ်တိုက် အဆောက်အအုံသုံးလုံးကိုတည်ဆောက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင်အဆိုပါအိမ်ရာစီမံကိန်းကို community based စီမံကိန်းအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြစ်သည့်အတွက် တိုက်ခန်းများ တွင် နေထိုင်ခွင့်ရရှိမည့်သူများကို ဒေသခံများကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဒေသခံများနေထိုင်ရန်အိမ်ရာရရှိရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိပြီးတိုင်းနှင့်ပြည်နယ်အသီးသီးတွင်နေထိုင် ရန်အခက်အခဲရှိနေသူများအတွက်အငှားချအိမ်ရာများကို အကောင်အထည်ဖော်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဇူလိုင် ၂ ရက်က ကျင်းပသော ရိုးမအိမ်ရာဖွင့်ပွဲတွင်ပြောသည်။

ရန်ကုန်မြို့၏ အရှေ့ဘက်စွန်းအပိုင်းတွင်ရှိသောဒဂုံဆိပ်ကမ်းမြို့နယ်ကို ၁၉၉ဝ ပြည့်နှစ်ပိုင်းတွင် စက်မှုမြို့တော်အနေဖြင့်တည်ထောင်ခဲ့ပြီးနေထိုင် သူ ၁၆၆,ဝဝဝ ဦးနေထိုင်လျက်ရှိသည်။

လက်ရှိအချိန်ထိလမ်းပန်းဆက်သွယ်ရေးအထိုက်အလျောက်ကောင်းမွန်သောမြို့တစ်ခုအဖြစ်
ဖြစ်သော်လည်းစက်မှုမြို့တော်အနေဖြင့်မရပ်တည်နိုင်သေးပေ။

 imyanmarhouse

Public Housing Local Read 216 times