ရန်ကုန်ကွန်ဒိုဥပဒေကဲ့သို့အထပ်မြင့် လူနေအဆောက်အအုံ(Apartment Law)ဆိုင်ရာဥပဒေမှာရေးဆွဲမှုပြီးစီးနေပြီဖြစ်ကြောင်းဥပဒေရေးဆွဲရာတွင် ပါဝင်သူများထံမှ သတင်းရရှိသည်။
၎င်းဥပဒေအားယခုနှစ်အတွင်း လွတ်တော်ကအတည်ပြုနိုင်ရန်သာကျန်ရှိသဖြင့် အများပြည်သူထံယခုလအတွင်း ချပြနိုင်ရန်စီစဉ်နေကြောင်းသိရသည်။
“ဒီဥပဒေကပိုပြီးတော့ လိုအပ်တယ် ရန်ကုန်မှာကန်ထရိုက်တိုက်တွေကအရမ်းများတယ် ဒီနေ့ထိဒီတိုက်တွေ ရဲ့ပိုင်ဆိုင်မှုကမြေရှင် တွေ ရဲ့လက်ထဲမှာပဲရှိနေတဲ့ အတွက် အားလုံးပိုင်ဆိုင်ပြီးအကျိူးခံစားခွင့် ရှိမယ့် ဒီApartment law ကိုရေးဆွဲနေတာဖြစ်ပါတယ် " ဟုဥပဒေ ရေးဆွဲရာတွင်ပါဝင်သ ည့်ပညာရှင် တစ်ဦးကပြောသည်။
ယခုဥပဒေမှာ တိုက်ခန်းဝယ်ယူနေထိုင်သူများ အတွက် အချိန်မှီလိုအပ်နေသဖြင့် ကွန်ဒိုလောကဲ့သို့ လွတ်တော်တွင်းကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ပထမအကြိမ် လွတ်တော်သက်တမ်းအတွင်းရေးဆွဲရာတွင် ပါဝင်သည့် လွတ်တော်ကိုယ်စားလှယ်ဟောင်းဇေကမ္ဘာဦးခင်ရွေကဆိုသည်။
ယခုဥပဒေတွင် မြေယာပိုင်ဆိုင်မှု ပြုပြင် ထိန်းသိမ်းမှုုနှင့် ဆောက်လုပ်ရာတွင် အာမခံချက်များရှိစေရန် ရေရှည် နေထိုင်သူများအတွက် သတ်မှတ်ချက် အသစ်များထည့်သွင်းရေးဆွဲထားကြောင်းရေးဆွဲသူများကဆိုသည်။
ရန်ကုန်ရှိလူနေတိုက်ခန်းအဆောက်အအုံအများစုတွင်ပေကျဉ်းခြင်းရပ်ကွက်များအတွင်းဖြစ်သလိုတည်ဆောက် နေခြင်း၊ လေဝင်လေထွက်များ မပါခြင်း၊ ပြတင်းပေါက်စနစ်များမှာဆောက်လုပ်ရာတွင် စနစ်ကျနမှုနည်းပါးသဖြင့် လူနေတိုက်ခန်းများ၏ အရည်အသွေးမှာလွန်စွာညံ့ဖျင်းကြောင်းမြိ့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် ကပြောသည်.
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းမှာလွန်စွာများပြားသဖြင့် ယခုကဲ့သို့သာမန် ကန်ထရိုက် တိုက်ခန်းများအားအဆင့်တန်းမီမီတည်ဆောက်ပါကနိုင်ငံခြားသားများဝယ်ယူ နေထိုင်နိုင်သည်အထိဆွဲဆောင်နိုင်မည်ဖြစ်ကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ကဆိုသည်။
ယခုရေးဆွဲနေသည့်ဥပဒေတွင် မြေရှင် ကန်ထရိုက်တာနှင့် အခန်းဝယ်ယူသူတို့အကြား အပြန်အလှန် အကျိူးရှိစေနိုင် သည့် ဥပဒေဖြစ်ရန် လိုအပ်ပြီးနိုင်ငံခြားသားများအားရောင်းချနိုင်ခွင့် ရှိမရှိကိုလည်းထည့်သွင်းရေးဆွဲ ပြဌာန်းသင့်ကြောင်းလုပ်ငန်းရှင်များကအကြံပြုသည်။